Chapter 38 -မူမမှန်တဲ့သီချင်း
ဌာနမှူးချီးသည်ချက်ချင်းပင် အံ့အားသင့်သွားတော့သည်။
အစကထူးထူးခြားခြားမရှိတဲ့စာသားတွေက ဖန်းမိုအာရဲ့အသံနှင့်တွဲလိုက်တဲ့အခါမှာတော့ မထင်မှတ်လောက်စရာ နားထောင်ကောင်းသွားခဲ့တယ်။
ဖန်းမိုအာသီချင်းဆိုပြီးတဲ့အချိန်မှာတော့ ဌာနမှူးချီးဟာ စာရွက်တစ်ရွက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ဖန်းမိုအာကို မယုံကြည်နိုင်သည့်အကြည့်ဖြင့်ကြည့်နေလေ၏။
ဖန်းမိုအာကခေါင်းညိတ်ကာ "ဟုတ်တယ်၊ ဒီသီချင်းရဲ့ထူးခြားချက်ကအဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းအများကြီးလိုလိမ့်မယ်"
တကယ်တော့ ဒီသီချင်းစာသားတွေကအထူးအဆန်းမဟုတ်ပေမဲ့ အဆိုတော်ရဲ့ အသက်ရှုသံကန့်သတ်ချက်ကို စိန်ခေါ်မဲ့ အဆက်မပြတ်ဆိုနေရတာကပဲ ဒီသီချင်းကိုထူးခြားစေခဲ့တာပါပဲ။
သို့သော်ဌာနမှူးချီသည်တော့သီချင်းစာသားကိုကည့်ကာ ရုတ်တရက်တွန့်ဆုတ်သွား၏ "ဒါပေမဲ့ ငါတို့အနုပညာရှင်တွေထဲမှာဒီလောက်အဆုတ်အားကောင်းတဲ့သူရှိမှာမဟုတ်ဘူး"
ဖန်းမိုအာကခေါင်းညိတ်လိုက်ပြီး "ကျွန်မသိပါတယ်။ အချိန်တန်ရင် ကျွန်မကိုယ်တိုင်ဒီသီချင်းဆိုရမယ့်သူကို ရွေးမှာပါ"
ဌာနမှူးချီကျေနပ်သွားကာ "မင်းအဲ့လောက်ကြိုးစားထားလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး၊ ဒီသီချင်းရေးထားတာအရမ်းကောင်းတယ်။ လာမယ့်ရက်အတွင်းမှာပဲ မင်းအဆိုတော်ရွေးဖို့စလုပ်သင့်တယ်။ မင်းရွေးပြီးသွားတာနဲ့ အားလပ်ရက်ကောင်းကောင်းရလိမ့်မယ်။ အလုပ်အရမ်းမလုပ်နဲ့"
"ကျွန်မလုပ်ရမယ့်အလုပ်ကိုလုပ်ရုံပါ" ဖန်းမိုာအသည်ကိုယ့်အလုပ်ကိုနှစ်သက်ကြောင်းပြသလေသည်။
ဌာနမှူးချီသည် "99th ဗားရှင်း" ကိုကြည့်၍ကျေကျေနပ်နပ်နဲ့ပဲ ထွက်သွား၏
ဖန်းမိုအာရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာတံခါးဖွင့်လာတာကိုမြင်တာနဲ့ လှမ်းကြည့်လိုက်ကြသည်။ ဌာနမှူးချီဟာဝမ်းသာအားရနဲ့ထွက်လာတာကိုတွေ့ရမယ်လို့မထင်ထားခဲ့ပေ။
ဌာနမှူးချီထွက်လာတာနဲ့ သူကလူတိုင်းကိုလက်ရမ်းပြလိုက်ကာ " မင်းတို့ ဖန်းလေးဆီကနေသင်ယူသင့်တယ်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...