ရှယ်ယာရှင်များသည် ဖန်းမိုအာကို မွန်းစတားတစ်ကောင်ကိုကြည့်နေကြသလို စိုက်ကြည့်နေကြသည်။
ရှယ်ယာရှင်များကမနေနိုင်တော့ပဲ "မစ္စဖန်းကရုတ်တရက်ကြီး ဘာလို့များသရုပ်ဆောင်ချင်သွားတာလဲ?"
ဖန်းမိုအာက ပြုံးလိုက်ကာ "ကျွန်မမှာ လုပ်စရာမရှိဘူး၊ ဒါကြောင့် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်မလည်း အမျိုးသမီးဇာတ်လိုက်အဖြစ် အရွေးခံလိုက်ရမယ်လို့မထင်ထားခဲ့ဘူးလေ။ ဒါကမမျှော်လင့်ထားတာခဲ့တဲ့ဟာပါ။"
ထိုသို့ပြောပြီးတာနဲ့ သူမရဲ့ ပါးစပ်ကိုအုပ်လိုက်ကာ ရယ်လိုက်တော့သည်။ "တကယ်တော့ အမျိုးသမီးဇာတ်လိုက်ဖြစ်ဖို့ကလွယ်လွန်းတယ်။ ရှင့်မှာ အရည်အချင်းရှိနေသ၍ အဆင်ပြေပါတယ်။ ရှင့်မှာအချိန်ရှိရင် ရှင်လည်းကြိုးစားကြည့်သင့်တယ်။ အမျိုးသားဇာတ်လိုက်နေရာ ဒါမှမဟုတ် ဒုတိယအမျိုးသားဇာတ်လိုက်နေရာ ဖြစ်ဖြစ်ရနိုင်တာပဲ?"
ရှယ်ယာရှင်များသည်ပို၍သာစိတ်ရှပ်နေခဲ့ကြသည်။ ဖန်းမိသားစုကသူမကိုထောက်ပံ့ချင်တာကြောင့် သူမက ပတ်ကစားနေတာများလား?
ပိုပြီးအရေးကြီးတာက ဖန်းမိုအာက သူတို့ကုမ္ပဏီက အနုပညာရှင်ရဲ့နေရာကိုလုယူသွားခဲ့တာဖြစ်သည်။
မူချန်သည် ဖန်းမိုအာရဲ့ စကားကိုကြားတဲ့အခါတွင်တော့ သူကအေးစက်နေတဲ့မျက်နှာထားနဲ့ "အဲ့တာကပြီးသွားပြီ"
မန်နေဂျာသည် ကုမ္ပဏီရဲ့အနုပညာရှင်တွေ ရဲ့လက်ရှိအခြေအနေတွေကိုတင်ပြတော့သည်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ထောက်ပံ့မှုမရှိတာကြောင့် ရသစုံရှိးပွဲတွင် theme song ကိုဆိုမည့်အတွက် အာရုံစိုက်မှုရရှိနေသောအမျိုးသမီအနုပညာရှင်တစ်ယောက်ရှိသည်။
ပိုင်ရုန်သည်လည်း တီဗွီဇာတ်လမ်းတွဲတွင် ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကိုရခဲ့သည်။
အဲ့အချက်ကြောင့် ဖန်းမိုအာကို လူတိုင်းကထူးဆန်းတဲ့အကြည့်နဲ့ကြည့်လာကြသည်။
တင်ပြချက်တွေပြီးတာနဲ့ မူချန်ကသူ့ရဲ့ အစီအစဉ်ကိုပြောတော့သည်. "ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ အရင်လိုပါပဲ၊ ကုမ္ပဏီရဲံ့အထောက်အပံ့ 70% ကို ပိုင်ရုန်အတွက်လမ်းကြောင်းတွေကို ပြင်ဆင်ဖို့ သုံးမယ်။ "
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...