Chapter 30: မင်းကိုယ့်ကိုဘယ်လောက်ကြိုက်လဲ?

1.1K 65 2
                                    

Chapter 30: မင်းကိုယ့်ကိုဘယ်လောက်ကြိုက်လဲ?

ဖန်းမိုအာကသူဒီလိုပြောလိမ့်မယ်ဆိုတာကိုခန့်မှန်းထားပြီးသားမလို့ သူမဟာ "သနားစရာကောင်းလိုက်တာ" လို့ပြန်ပြောလိုက်ပြီး ဖုန်းကိုပိတ်ထားလိုက်တော့တယ်။

သူမမော့ကြည့်လိုက်တော့ ရှီမိုဧည့်ခန်းထဲမှာမရှိတော့သည်ကိုတွေ့လိုက်ရသည်။

သို့သော် စာကြည့်ခန်းတံခါးသည်တော့ပွင့်နေသည်။

ရှီမိုသည် ဗီဒီယိုအစည်းအဝေးတစ်ခုတတ်နေသည်ကို အပြင်ကနေသူမမြင်နေရသည်။

ဖန်းမိုအာသည် စာကြည့်ခန်းတံခါးကိုသူ့အတွက်သေချာပိတ်ပေးလိုက်ပြီးမှ မသည်အိပ်ခန်းထဲသိုပြန်သွားလိုက်၏

ရှီမိုသည်ရှုပ်ထွေးနေသောအမူအရာဖြင့် ပိတ်ထားသောတံခါးကိုစိုက်ကြည့်နေသည်ကိုသူမသတိမထားမိပေ။

သူအတွက်မိန်းမများမချို့တဲ့ပေ သူသည်သာလျှင်ဘယ်မိန်းမကိုမျှမလိုချင်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေနဲ့ သူ့အာရုံကိုစွဲဆောင်နိုင်ခဲ့တဲ့တစ်ဦးတည်းသောမိန်းကလေးကတော့ ဖန်းမိုအာပါပဲ။

အရင်ကတော့ သူ့မိန်းမကိုဘယ်သူ့ကိုမဆိုရွေးချယ်လိုက်မည်ဟုတွေးခဲ့သည်။

သူ့မိသားစုရဲ့မနားမနေတိုက်တွန်းမှုကြောင့် သူဟာကြုံရာမိန်းကလေးတစ်ယောက်ကိုရှာကာဖြေရှင်းဖို့ ရိုးရိုးရှင်းရှင်းစဉ်းစားခဲ့သည်။

ဖန်းမိုအာသည်သူ့နှလုံသားထဲတွင်မည်မျှအရေးပါမည်ကိုသူဘယ်တုန်းကမှလျှော့မတွက်ခဲ့ပေ။

ဖန်းမိုအာသူ့အတွက်အချစ်စာတစ်စောင်ရေးပေးလိုက်တဲ့အခါမှာသူ့နှလုံးသားသည်ထိန်းမနိုင်သိမ်းမရခုန်နေခဲ့သည်။
သူသည် အမြဲတမ်း အလုပ်ကို ပိုဦးစားပေးခဲ့သော်လည်း သူမ၏ ပထမဆုံး အသံသွင်းခြင်းကို ကြည့်ရန်အတွက် အစည်းအဝေး တစ်ဝက်တစ်ပျက်မှ ထွက်သွားရန် ဆန္ဒရှိခဲ့သည်။

ရှီမိုသည် သူ့ရှေ့ကကွန်ပြူတာကိုပြန်ကြည့်လိုက်ကာ အာရုံပြောင်းလိုက်သည်။

တစ်ခဏအကြာတွင်အစည်းအဝေးပြီးသွားသည်။ ရှီမိုသည်သူ့မျက်လုံးများကိုမှိတ်ထားလိုက်ကာမျက်ခုံးနှစ်ခုကြားကိုပွတ်လိုက်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now