Chapter 89

252 17 1
                                    

ရှီမို၏မျက်လုံးတွေဟာစူးရှနေပြီး ဖုန်းတစ်ဖက်မှလူကိုပြောလိုက်သည်

"ဘယ်သူတွေလဲဆိုတာ ရှာတွေ့ပြီလား?"

လက်ထောက်ယုက "သူတို့က လွန်ခဲ့တဲ့ရက်က မြင်းပြိုင်ပွဲမှာရှိခဲ့တဲ့သခင်လေးတွေပါ။ သူတို့အားလုံးက မဒမ်ရဲ့အကြောင်းကိုမေးနေကြတာပါ။ အဲ့နေ့တုန်းက မဒမ်ကမြင်းပြိုင်ပွဲမှာအနိုင်ရခဲ့ပြီး sport ကားကိုရခဲ့ပါသေးတယ်။"

အဲ့လိုမျက်စိကျိန်းလောက်တဲ့အခြေအနနဲ့ လူအများကြီးရဲ့ အာရုံကိုသဘာဝကျကျရခဲ့တာပဲ။

သူတို့ဟာ Veiled Queen ရဲ့ပုံစံအမှန်နဲ့ သူမဘယ်ကလဲဆိုတာကိုသိဖို့လူတွေကိုရှာခိုင်း နေခဲ့သည်။

"အိုး "ရှီမိုရဲ့နှုတ်ခမ်းတွေဟာကွေးတက်သွားတော့သည်။ သူမကမျက်နှာဖုံးတပ်ထားခဲ့တာတောင် အာရုံတွေကိုဆွဲဆောင်နိုင်နေခဲ့သေးတာပဲ

ဖန်းမိုအာ ရေမွှေးကြော်ငြာရိုက်ပြီးသူမရဲ့ကြော်ငြာထုတ်လွင့်ရင် လူဘယ်နှစ်ယောက်တောင်သူမကိုချစ်သွားကြမည့်ကိုတွေးမိလိုက်လေသည်။

သူမကိုပိုးပန်းမဲ့သူတွေပိုများလာနိုင်သေးသည်။

ရှီမိုထိုအကြောင်းကိုတွေးလိုက်ကာ အနည်းငယ်မသက်မသာခံစားလိုက်ရသည်။ သို့သော် ဖန်းမိုအာကိုအနုပညာလမ်းကြောင်းကိုလျှောက်လှမ်းခွင့်ပေးခဲ့တာဘယ်သူလဲ?

သူမကြိုက်နှစ်သက်ရင် သူ သူမကိုတားမြစ်မှာမဟုတ်ပေ။

သူမကိုအနီးကပ်စောင့်ကြည့်ပြီး တခြားတစ်ယောက်မှသူမကို အခွင့်အရေးယူခံလိမ့်မည်မဟုတ်ပေ။

နောက်ရက်အနည်းငယ်အတွက် ရိုက်ကူးရေးအဖွဲ့သည် အမြင်အရတွင် အေးချမ်းနေခဲ့သည်။

ပိုင်ရုန်Chanel ရဲ့ပြောရေးဆိုခွင့်ကိုဆုံးရှုံးသွားပြီးတဲ့နောက် သူမသည် ဒုတိယအကောင်းဆုံးရွေးချယ်စရာအနေနဲ့ အမျိုးသမီးဝတ် ဘရန်းတစ်ခုအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ်ရရှိခဲ့သည်။

ဒါတောင်မှ သူမဖန်းမိုအာကို မြင်တိုင်း ပိုင်ရုန်သည် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now