Chapter 61 : အရွေးခံလိုက်ရခြင်း

741 50 0
                                    

Chapter 61 : အရွေးခံလိုက်ရခြင်း




ဖန်းဟန် အနည်းငယ်စိတ်ရှုပ်သွားတယ်။ 'ဒါရိုက်တာဝမ်က ဖန်းမိုအာရဲ့လူရွေးပွဲဖြေထားတဲ့ ဗီဒီယိုကိုကြည့်ပြီးသင့်တာမဟုတ်ဘူးလား? သူမရဲ့ သရုပ်ဆောင်အရည်အချင်းကိုမသိဘူးဆိုတာ ဘာကြောင့်ပြောနေရတာလဲ?

ဖြစ်နိုင်တာက အမဖန်းရဲ့ ဗီဒီယိုကိုမကြည့်ရသေးပဲ ဆုံးဖြတ်ချက်ချလိုက်တာများလား?

ဒါကတော့ တစ်ဖက်သတ်ဆန်လွန်းတာပဲ။'

လူရွေးပွဲ ဗီဒီယို အခြေခံအမူအရာကို စစ်ဆေးတာပဲ။

သာမန်တော့ ပေါ်ပေါ်ထင်ထင်မှားတာမရှိဘူးဆိုရင် သူတို့ဟာတိုက်ရိုက်လူရွေးပွဲအတွက် အရွေးခံရမှာပဲ။

ဖန်းဟန် ခဏလောက်စဉ်းစားနေလိုက်သည်။ ဒါရိုက်တာဝမ်ရဲ့ ခေါ်သံကြားလိုက်ပြီးမှ အမျိုးသမီးဇာတ်လိုက်အတွက် လူရွေးပွဲဖြေဆိုထားတဲ့ တိပ်ခွေတွေကို ကြည့်ဖို့ သူမရဲ့အဆက်အသွယ်တွေကိုသုံးလိုက်ရသည်။

သူမဗီဒီယိုသုံးပုဒ်လုံးကိုကြည့်ပြီးဖြစ်သည်။

ဖန်းမိုအာသရုပ်ဆောင်ထားတဲ့ ဗီဒီယိုကအရမ်းပြောင်မြောက်လွန်းတာကြောင့် ဖန်းဟန်ဟာပိုပြီးတော့ပင် အံ့အားသင့်နေခဲ့သည်၊

ဘာလို့ ဒါရိုက်တာဝမ်က ဖန်းမိုအာကသရုပ်ဆောင်အခြေခံကိုတောင်မသင်ခဲ့ဖူးဘူးလို့ပြောနေရတာလဲ?

နားလည်မှုလွဲနေတာတစ်ခုခုရှိနေတာဖြစ်နိုင်မလား?

ထိုအကြောင်းကိုစဉ်းစားပြီးတာနဲ့ ဖန်းဟန်ဟာထိုင်မနေနိုင်တော့ပဲ ချက်ချင်း ဗီဒီယိုကို ဒါရိုက်တာဝမ်ဆီကိုပို့ခဲ့သည်။

"ဒါရိုက်တာဝမ် ဒီလိုသရုပ်ဆောင်ပုံမျိုးနဲ့ သူက အခြေခံတောင်မရှိဘူးလို့ ကျွန်မကိုပြောနေတာလား?"

ဖန်းဟန်သည် ဒါရိုက်တာဝမ်ရဲ့ ရှေ့တည့်တည့်မှာပဲ ဖန်းမိုအာရဲ့ ဗီဒီယိုကို ချပြလိုက်တော့တယ်။

ဒါရိုက်တာဝမ်သည် ဗီဒီယိုကိုကြည့်နေကာ ခဏမျှလေ့လာာနေလိုက်သည်။

သူက" ဒီတစ်ယောက်ရဲ့ သရုပ်ဆောင်ပုံတွေကမဆိုးပါဘူး။ သူမရဲ့အမူအရာတွေက အရမ်းသဘာဝကျတယ်၊ သူမက ငါ့ရဲ့ အမျိုးသမီးဇာတ်လိုက်နေရာအတွက် လာပြီး လူရွေးပွဲဖြေလို့ရတယ်။ စကားမစပ်၊ သူကဘယ်သူလဲ?"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now