Chapter 51: ဘာလို့အရမ်းတတ်ကြွနေတာလဲ

810 45 2
                                    

Chapter 51: ဘာလို့အရမ်းတတ်ကြွနေတာလဲ

ဆုပေးပွဲပြီးတဲ့နောက်မှာတော့ ဖန်းမိုအာဟာတနေကုန်အနားယူခဲ့တယ်။

သူမဘာမှမလုပ်ဘဲမနေခဲ့ပေ။

အဲ့အစားသူမသည် သူမရဲ့မန်နေဂျာကိုခေါ်ကာ သရုပ်ဆောင်နည်းပြတစ်ယောက်ကိုရှာဖို့တောင်းဆိုခဲ့သည်။

ရှန်းယွဲ့က "မင်းကသရုပ်ဆောင်လေ့လာချင်တာလား?"

ဖန်းမိုအာက ရယ်လိုက်ပြီး "ဟုတ်တယ်" လို့ပြန်ပြောလိုက်သည်။

သူမသည် အရင်ဘဝတွင်သရုပ်ဆောင်တာကိုမသင်ယူခဲ့ဘူးသလို အချိန်တိုအတွင်း ဘယ်လောက်သင်ယူနိုင်မည်ကိုမသိပေ။

ကံကောင်းစွာပဲ သူမက အမြန်သင်ယူတတ်မြောက်သူဖြစ်သည်။

နောက်ဆုံးမှာတော့ သူမဟာ သီချင်းရေးနည်းကို ရက်အနည်းငယ်အတွင်း သင်ယူနိုင်ခဲ့သည်။

သေချာတာကတော့ သရုပ်ဆောင်စွမ်းရည်ကိုတိုးတတ်ဖို့ဆိုတာမခက်ပါဘူး။

ဖန်းမိုအာ သူမရဲ့နှာခေါင်းကိုပွတ်လိုက်ကာ မရေမရာတွေးနေလိုက်သည်။

"ဒါဆိုမနက်ဖြန်ကုမ္ပဏီကိုလာခဲ့လိုက်။ ငါဆရာတစ်ယောက်စီစဉ်ပေးမယ်"

"ကောင်းပြီ"

"ဒါနဲ့ ငါ့မှာသီချင်းအသစ်တွေရှိတယ်၊ လာရွေးဦး ။ သီချင်းအသစ်ထွက်သင့်နေပြီ"

ဖန်းမိုအာကခေါင်းညိတ်လိုက်သည်၊

ရှန်းယွဲ့သည် မန်နေဂျာကောင်းတစ်ယောက်ဖြစ်သည်။

သူမရဲ့လွတ်လပ်ခွင့်ကိုမကန့်သတ်သလို သူမရဲ့အခြေအနေကိုလည်းမမေးခဲ့ပေ။ အပိုမပြောပဲ သူမအတွက်သီချင်းတစ်ပုဒ်ပင်ရှာတွေ့ခဲ့သေးသည်။

အဲ့ညမှာပဲ သူမဟာ ရှန်းယွမ်အိမ်တော်ကိုပြန်လာခဲ့သည်။

သူမသည် တစ်စုံတစ်ခုကိုသတိရသွားပြီး ရုတ်တရက် စာကြည့်ခန်းထဲကိုသွားလိုက်ပြီး ကွန်ပြူတာကိုဖွင့်လိုက်သည်။

manga ဝဘ်ဆိုဒ်သည် စခရင်တွင်ပေါ်လာတော့သည်။

ဒါကတော့ ဒီကမ္ဘာမှာဖန်းတီးတဲ့ ဖန်းမိုအာရဲ့ ပထမဆုံး mangaဖြစ်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now