လက်ရှိတွင် ဖန်းမိုအာရဲ့ အကြည့်များသည် ချစ်ခြင်းများပြည့်လျှံနေသည်။
သူမရဲ့ မျက်လုံးများတွင် မက်မွန်ပန်းများပွင့်နေသည့်ပုံပေါ်နေသည်။
ဝန်ထမ်းသည် ဖန်းမိုအာစာကြောင်းတစ်ကြောင်းကိုပြောလိုက်မှပင် ပြန်သတိဝင်လာတော့သည်။
ဒါရိုက်တာဝမ်က ရေရွတ်လိုက်သည် "သရုပ်ဆောင်အရည်အချင်းမြင့်ဖို့ဆိုရင် ကိုယ်တိုင်ရုပ်ရှင်ထဲမှာနစ်မြောနေရုံနဲ့မရဘူး၊ တခြားသူတွေကိုပါ မသိလိုက်ပဲဆွဲခေါ်သွားနိုင်ရမယ်၊ ဒါမှပဲ အကောင်းဆုံးတုံ့ပြန်မှုကိုပေးနိုင်မှာပဲ"
သူ့ဘေးမှာရှိနေတဲ့ ဖန်းဟန်သာလျှင် ထိုစကားကိုကြားနိုင်ခဲ့သည်။ သူမသည်စင်ရှိတဲ့ဘက်ကိုစိတ်လှုပ်ရှားစွာပဲ ကြည့်လိုက်သည်။
သရုပ်ဆောင်နေစဉ်တစ်လျှောက်လုံးတွင် ဝန်ထမ်းသည် သူပြောရမည့်စာကြောင်းများကိုပုံမှန် အပြုအမူနဲ့ ပြောနေသည်မဟုတ်ပဲ ကာရိုက်တာတစ်ယောက်ရဲ့အမူအရာပုံစံအတိုင်းသရုပ်ဆောင် သွားခဲ့သည်။
ဖန်းမိုအာ၏အကြည့်တစ်ချက်နှင့်ပင် တစ်ဖက်သူသည် စိတ်ခံစားချက်မြင့်တတ်သွားပြီး
မကျေမနပ်ဖြစ်နေသောအကြည့်တစ်ချက်နှင့်ပင် တစ်ဖက်သူကို မလွယ်မကူခံစားသွားရစေနိုင်သည်။
သရုပ်ဆောင်ခြင်းပြီးသွားသည်နှင့် ဖန်းမိုအာသည် စင်ပေါ်မှဆင်းသွားလိုက်သည်။ ဝန်ထမ်းသည်တော့ ဇာတ်ကောင်အဖြစ်မှရုန်းမထွက်နိုင်သေးပဲ ဖန်းမိုအာ၏ကျောပြင်ကိုစိုက်ကြည့်နေဆဲဖြစ်သည်။
ပိုင်ရုန်သည်ဖန်းမိုအာကို ဒေါသတကြီးကြည့်နေပြီဂ သူတို့နှစ်ယောက်သာကြားနိုင်တဲ့ အသံဖြင့်
"နင်ကအရမ်း ရွံစရာကောင်းတာပဲ ၊ နင်တကယ်ကြီး ဝန်ထမ်းကိုလာဘ်ထိုးထားတာပဲ"
အစားထိုးသရုပ်ဆောင်ခဲ့သော ဝန်ထမ်းသည်စက်ရုပ်လိုပင် သူရဲ့ စကားများကို အလွတ်ရွတ်ပြနေခဲ့ခြင်းဖြစ်သည်။ သို့သော်
ဖန်းမိုအာ နှင့်တွင်တော့ မတူတော့ပေ။ သူတကယ်ကြီး တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်လာခဲ့သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...