Chapter 15: သူမရဲ့ယောက်ျားကိုကူညီပေးခြင်း

1.2K 76 2
                                    

Chapter 15: သူမရဲ့ယောက်ျားကိုကူညီပေးခြင်း

ရှီမိုသည်သူမ၏ဆွဲဆောင်မှုရှိသောရနံ့ကြောင့်စွဲငြိသွားလေသည် အထူးသဖြင့် သူမ၏ညို့ယူနိုင်သည့်အမူအရာပင်ဖြစ်သည်။

သူ့လက်ကိုလျင်မြန်စွာလှုပ်ရှားလိုက်ပြီး ဖြူဖွေးနူးညံ့သောကုတင်ပေါ်သို့သူမကိုတစ်ဖန်ပြန်တင်လိုက်သည်။

ဖန်းမိုအာသည်ထိန်းချုပ်နိုင်စွမ်းမရှိတော့သလိုခံစားလိုက်ရသည်။

အခုဆိုရင်အရာအားလုံးဟာသူ့ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

သူမသည်အလိုလိုပင်ကောင်းမွန်စွာနယ်ထားသောသေးငယ်သည့်ဂျုံလုံးလေးဖြစ်သွားလေသည်။

"ခဏနေပါဦး" သူမ၏အကျ်ီကော်လာကိုကိုင်ထားသောသူ၏လက်ကိုဖယ်ရန်လက်ကိုဆန့်တန်းလိုက်ပြီး "ရှင်ရေမချိုးရသေးလေ" ဟုပြောလိုက်လေသည်။

လိမ္မာတဲ့ကောင်လေး၊ တစ်ခုခုလုပ်ချင်တယ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်လေ။

သူမရဲ့အက်ျီကော်လာကိုဖြည်ရန်လုပ်နေသောလက်သည်ရပ်တန့်သွားကာ သူ၏မျက်လုံးများသည်မီးတောက်များတောက်လောင်နေလေသည်။

သူ့စိတ်န္ဒကဒီအချိန်မှာသူမ တားနိုင်လောက်အောင်ကောင်းတယ်လို့ထင်နေခဲ့တာလား?

သူ့ရဲတခြားလက်ကိုသုံးကာသူမလက်ကိုဆွဲလိုက်လေသည်။"ဒါဆိုမင်းလုပ်လိုက်။ မင်းအရင်သွားပြီးဆေးကြောလိုက်၊ လိမ္မာစမ်းပါ"

ဖန်းမိုအာ "..."

ကောင်းပြီ၊ ဒီလိုဆိုရင်သူမအေးအေးဆေးဆေးအိပ်လို့ရပြီ

ရှီမိုသည်သူမအားညှာနေပြီး သူ၏လှုပ်ရှားမှုကိုနူးညံ့စေလိုက်သည်။

သူတို့သည်ပိုနူးညံ့လာသည်။

သူ သူမအဝတ်တွေကိုချွတ်ဖို့မကြိုးစားတော့လေဘူး ။ အဲ့ဒီအစားသူက သူမလက်ကိုညင်သာစွာကိုင်ပြီး သူ့ခါးပတ်ဆီကို ပို့လိုက်လေသည်။

အသံနက်နက်ဖြင့် "မင်းရဲ့ယောက်ျားကိုကူညီပေးပါဦး" ဟုပြောလိုက်လေသည်။

ဖန်းမိုအာ"..."

သေချာတာကတော့ ဒါကသူကိုယ်တိုင်လုပ်သင့်တာလေ။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now