အင်တာဗျူးပြီးသည်နှင့် မူရွဲ့သည် ပိုင်ရုန်အားအလုပ်အရမ်းမလုပ်ရန်ပြောပြီး အမြန်ပဲ အကြောင်းပြချက်ပေးကာ ထွက်သွားခဲ့သည်။
ဒီနေ့အတွက်သူလုပ်ရမည့်အလုပ်ကိုပြီးသွားပြီလို့ပြောလို့ရသည်။
ပိုင်ရုန်တွင် မှီခိုစရာမည်သူမှမရှိပေ။ ဒါကြောင့်သူမသည် စိတ်အခြေအနေမကောင်းပေ။
နေ့လည်ခင်းတွင် ရိုက်ကူးရေးလုပ်နေချိန်မှာတော့ အကောင်ကြီးကြီးတစ်ကောင်သည် ရိုက်ကွင်းကိုရောက်လာခဲ့သည်။
အပြင်ဘက်မှလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အသံကိုကြားချိန်တွင်တော့ ဖန်းမိုအာသည် မိတ်ကပ်လိမ်းနေတုန်းဖြစ်ပြီး အမြန်ပဲ ဘာဖြစ်နေလဲဆိုတာထွက်ကြည့်လိုက်သည်။
သူမသည် သားရဲထိန်းလမ်းပြလာနေသော ကျားကိုလူတိုင်းကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။
ကျားသည် ဆပ်ကပ်အဖွဲ့တွင် သေချာထိန်းကျောင်းထားသော နာခံမှုရှိသည့်ကျားတစ်ကောင်ဖြစ်သည်။ ထိုအရာသည်ဘယ်သူ့ကိုမှကိုက်ဖို့မကြိုးစားပဲ သားရဲထိန်းထံမှ ညွှန်ကြားချက်အတိုင်းနာခံစွာ ထိုင်နေပြီး တခြားသူများကို ကြည့်ရန်ခွင့်ပြုထားလေသည်။
ဖန်းမိုအာသည် ကျားမွှေးတွေကိုထိလိုက်ပြီး ထိုကျမှသာဇာတ်ညွှန်းကြောင့် ရောက်လာခြင်းဖြစ်သည်ကို သူမသိလိုက်ရသည်။
ဇာတ်ညွှန်းရဲ့ ပထမအပိုင်းတွင် အမျိုးသမီးဇာတ်လိုက်သည် အမျိုးသားဇာတ်လိုက်၏ အနောက်ဘက်ခြံထဲကိုမှားဝင်မိတာကြောင့် အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက် တို့တွေ့ကြခြင်းဖြစ်သည်။ အဆုံးတွင်တော့ ကျားအလိုက်ခံရပြီး အကိုက်ခံရလုနီးပါးဖြစ်သွဦးခဲ့သည်။ ဤသုံးရက်ပြီးသည်နှင့် သားရဲထိန်းသည် ကျားကိုတခြားနိုင်ငံသို့ ခေါ်သွားပြီး တခြားပြပွဲအတွက် လေ့ကျင့်ရန်သွားမည်ဖြစ်သည်။
သုံးရက်ကလိုတာထက်ပိုသည်ဟု ဖန်းမိုအာတွေးလိုက်မိသည်။
ထိုအချိန်တွင် မနီးမဝေးတွင်ရှိနေသောပိုင်ရုန်သည် ဖန်းမိုအာကိုအေးစက်စွာကြည့်နေခဲ့သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...