Chapter 11: ကိုယ်ကမင်းရဲ့ယောက်ျား
ဖန်းမိုအာသည်ဖုန်းချလိုက်ကာ သူမရဲ့ဂီတ်ပင်လယ်ထဲသို့ဆက်လက်မြုပ်နှံထားလိုက်လေသည်။
သိပ်မကြာလိုက်ပဲ သူမသည် ဖုန်းခေါ်မှုအကြောင်းကိုမေ့သွားလေသည်။
"ငါလေ့လာနေတာကိုဘယ်သူမှ မနှောင့်ယှက်ရဘူး" သူမသည်ပြောကာသူမရဲ့ခြေထောက်လှုပ်လျက် ဘောပင်ကိုကိုက်ရင်း ဗီဒီယိုကိုဆက်ကြည့်နေလေသည်။
သူမသာကြိုးကြိုးစားစားမလေ့လာရင် အလုပ်ပြုတ်မှာပေါ့။
အဲ့လိုဆိုရင် သူမက ရွက်လှေပေါ်တွင်ထိုင်ခြင်း၊ အဝတ်အစားဝယ်ခြင်း၊ နေ့လည်တွင်လဖ္ဘက်ရည်သောက်ခြင်း ဒါမှမဟုတ် ဘရန်းအဝတ်များဝတ်ဆင်ခြင်းငြီးငွေ့လာလျင် မာကျောက်ကစားခြင်း မှလွဲ၍ဘာမှမလုပ်ပဲ ပျင်းရိတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်။
ဖန်းမိုအာသည် အဲ့လိုဘဝမျိုးသည်ပျင်းစရာကောင်းပီး အဲ့အတွေးများကိုလည်းမုန်းလေသည်။
ဒါ့ကြောင့်သူမသည်ဆုံးဖြတ်ကာကြိုးကြိုးစားစားလေ့လာနေခဲ့သည်။
သို့သော် သူမရဲ့ဖုန်းသည်ထပ်မံမြည်လာပြန်သည်။ ထိုနံပါတ်သည်လည်းမသိသောနံပါတ်ဖြစ်နေပြန်သည်။
ဖုန်းသံသည်ရပ်မသွားပါဘူး။
ဖန်းမိုအာသည်ဖုန်းပြန်ဖြေလိုက်ပြန်သည်။ တစ်ဖက်မှအသံသည်"ရှီမိုပါ"
ဖန်းမိုအာသည်အံ့ဩသွားကာ 'ဒါကတကယ်ကြီးသူမယောက်ျားပဲ'
ဒါကနားလည်မှုလွဲနေတာပဲ။ သူမထင်တာက ရှီမိုတွင်သူမနံပါတ်မရှိသေးလို့ ဖုန်းမခေါ်လောက်ဘူးဟုထင်နေတာဖြစ်သည်။
ဖန်းမိုအာသည်အပြစ်မကင်းသောစိတ်ဖြင့်သာ "ရှင့်မှာဘာလို့ကျွန်မနံပါတ်ရှိနေတာလဲ?"
ရှီမိုသည်တစ်ခဏတိတ်ဆိတ်သွားပြီး မထူးခြားစွာပြောလိုက်သည် " ကိုယ်သိချင်တာကိုအချိန်မရွေးကိုယ်သိအောင်လုပ်နိုင်တယ်"
ဖန်းမိုအာသည်ရှီမို၏အသံမူမမှန်သည်ကိုခံစားလိုက်ရသည်။
သူ၏စိတ်အခြေအနေကောင်းပုံမရဘူး။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...