Chapter 50: များပြားတဲ့လျှော်ကြေးငွေ

847 48 2
                                    





Chapter 50: များပြားတဲ့လျှော်ကြေးငွေ




"ဖန်းမိုအာ ၊ မင်းငါ့ရဲ့ မျက်နှာသာရဖို့မဖြစ်နိုင်ဘူး။ ကုမ္ပဏီမှာ ယွမ် သန်း 100 ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ မင်းနဲ့ထိုက်တန်တဲ့ ရှယ်ယာတွေကိုငါပေးမယ်။ အခုကစပြီးတော့ Creative Entertainmet က ငါ့တို့ရဲ့ ကုမ္ပဏီဖြစ်လာလိမ့်မယ်?"

အရင်တုန်းကဖန်းမိုအာကို လိမ်ခဲ့တဲ့နည်းလမ်းအတိုင်းပဲဖြစ်သည်။

ဖန်းမိုအာကမျက်မှောင်ကြုတ်လိုက်ပြီး " နင်က ငါ့ကို ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံစေချင်တယ်? ပိုင်ရုန်နဲ့ စာချုပ်ချုပ်ထားသ၍တော့ မဖြစ်နိုင်ဘူး"

မူချန်ကစိတ်ညစ်သွားကာ"ဖန်းမိုအာ အခုက မနာလိုဖြစ်နေရရမယ့်အချိန်မဟုတ်ဘူး"

မူမိသားစုက သူ့ကို လက်ခံရန်ရလဒ်ကောင်းရဖို့အတွက်သူအလျင်လိုနေခဲ့သည်။

"တောင်းပန်ပါတယ် ငါ့မျက်လုံးထဲကသဲကိုသည်းခံနိင်မှာမဟုတ်ဘူး" ဖန်းမိုအာက သူမရဲ့ပခုံးတွေကိုပိုက်ထားလိုက်တယ်။

မျှော်လင့်ထားသလိုပဲ သူကဒီတောင်းဆိုချက်ကို သဘောတူမှာမဟုတ်ပေ။

မူချန်ကအလန့်တကြားဖြင့်" ပိုင်ရုန်ကငါ့ရဲ့ ကောင်မလေးဆိုတာ မင်းသိတာပဲ။ မင်းကူညီနေသ၍ မင်းကိုငါ့ရဲ့ လျို့ဝှက်ချစ်သူဖြစ်ခွင့်ပေးမယ်။ ခေါင်းစဉ်ကလွဲလို့ အကုန်ပေးနိုင်တယ်" (တော်တော်ကိုရွံဖို့ကောင်းပါတယ်)

ဖန်းမိုအာကတံခါးဆီကိုလျှောက်သွားလိုက်ပြီး ပိုင်ရုန်ရဲ့အခန်းဆီကိုဆက်သွားလိုက်သည်။

မူချန်ကသူမကိုအံဩစွာကြည့်လိုက်သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပဲ ဖန်းမိုအာက ပိုင်ရုန်ရဲ့ တံခါးကိုခေါက်လိုက်တော့သည်။ ပိုင်ရုန်က သူမရဲ့ ညအိတ်ဝတ်စုံနဲ့ပဲ တံခါးကိုဖွင့်လိုက်သည်။

သူမသည် မူချန်ပြန်ရောက်သည်ဟုထင်နေခဲ့သည်။

ဖန်းမိုအာဖြစ်နေလိမ့်မည်ကိုတော့ ထင်မထားခဲ့ပေ။ သူမရဲ့အမူအရာကအေးစက်သွားကာ "နင်ဒီမှာဘာလုပ်နေတာလဲ?"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now