Chapter 17: သီချင်းစာသားပြန်ရေးခြင်း
ဖန်းမိုအာ အခန်းထဲသို့ပြန်ရောက်ချိန်မှာတော့ ရှီမိုဟာညအိပ်ဝတ်စုံပြောင်းထားပြီးဖြစ်သည်။
သူသည်ကုတင်ခေါင်းရင်းကိုမှီကာသူ့လက်ထဲရှိမဂ္ဂဇင်းတစ်စောင်ကိုလှန်ကြည့်နေသည့်ပုံမှာ ငြိမ်သက်အေးချမ်းနေသည်။
သူမကိုစောင့်နေသလိုပင်။
ဖန်းမိုအာသည်နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။
ဒီလူကိုအရေးကြီးတဲ့အချိန်မှာရပ်တန့်ဖို့အတင်းအကြပ်လုပ်ခဲ့ပေမဲ့ သူမကိုလိုက်လျောပေးနေသေးသည်။
ဖန်းမိုအာဆေးကြောပြီးသွားတဲ့အချိန်အထိ အရင်အနေအထားအတိုင်းရှိနေသည်။
"ဒီကိုလာ" သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
ဖန်းမိုအာသည်လျှောက်သွားလိုက်သည်နှင့် ရှီမိုသည်သူမကိုသူ့ရင်ခွင်ထဲကိုဆွဲလိုက်ကာ ဖက်ထားလိုက်တယ်။
ရှီမိုအာသည်ဘေးတစ်စောင်းအိပ်နေပြီး သူမကိုဖတ်ထားလေသည်။
သူသည်ညင်သာစွာ ပြောလိုက်သည် " အိပ်တော့"
အမှောင်ထဲတွင်ရှီမိုသည်တခြားလှုပ်ရှားမှုများကိုမလုပ်လေဘူး။
ဖန်းမိုအာသည်သူ့ခန္ဓာကိုယ်မှထွက်လာသောအနွေးဓာတ်များကိုခံစားနိုင်သည်။
တခဏအတွင်းမှာပဲ သူမသည်အလွန်သက်သောင့်သက်သာဖြစ်လာလေသည်။
ဒါကဒဏ္ဍာရီလာပူနွေးတဲ့အိပ်ရာမျိုးလား?
ဖန်းမိုအာသည်သက်သောင့်သက်သာအရှိဆုံးအနေအထားတွင်ရှိနေပြီး သူ့ရင်ခွင်ထဲကိုပျင်းနေသောကြောင်လေးလိုပဲ မှီလိုက်၏။
အမှောင်ထဲမှာ တော့သူမရဲ့ဘေးမှအမျိုးသားရဲ့အသံနက်နက်ကိုကြားလိုက်ရတယ်။ "အရင်ကကိုယ်ကတိုက်ကရိုက်လုပ်တယ်။ ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက်နှလုံးသားထဲမှာရှိတဲ့အချိန်အထိမင်းကိုအချိန်ပေးမယ်"
အချိန်ကျရင်တော့ ညနေခင်းကသူတို့ရဲ့မပြီးဆုံးသေးတဲ့ကိစ္စကိုဆက်လက်လုပ်ဆောင်မှာဖြစ်လေတယ်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
عاطفيةဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...