Chapter 31: အိပ်ယာခင်းအနီရောင်ပြောင်းသွားခြင်း

1K 62 1
                                    

Chapter 31: အိပ်ယာခင်းအနီရောင်ပြောင်းသွားခြင်း

ဖန်းမိုအာသည်အနားယူရန်အိပ်ခန်းထဲကိုပြန်သွားလိုက်သည်။

ထင်ထားသလိုပဲ ရှီမိုသည်ဝင်မလာခဲ့ပေ။ တခဏအကြာမှာတော့ နူးညံ့တဲ့ကုတင်ပေါ်တွင် လဲလျောင်းနေသော ဖန်းမိုအာသည် ဧည့်သည်ခန်း၏အခန်းတံခါးအဖွင့်အပိတ်သံကိုကြားလိုက်ရသည်။

သူမသည်မျက်နှာကျက်ကိုစိုက်ကြည့်ရင်းရှီမိုဘာကြောင့်ဒီလိုဆုံးဖြတ်ချက်ချသည်ကိုနားမလည်ဖြစ်နေသည်။

ဒီနေ့တွင်ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်သောအခါတွင် သူမသည် ယနေ့ သာမာန်ထက် ဘာမှ မလုပ်မိခဲ့ပါ။ Mu Chen ကို လှည့်စားပြီး သူ့ကိုစောင့်ခိုင်းခဲ့တာထက်၊ သူမရဲ့သီချင်းက နာမည်ကြီး charts မှာ ပထမနေရာရထားတာကြောင့် သူမကို အတော်လေး ပျော်ရွှင်နေခဲ့တယ်။

Shi Mo က သူ့ဆန္ဒတွေကို ချုပ်တည်းပြီး သူ 100% ချစ်မိသွားတဲ့အထိ အမျိုးသမီးကို မထိဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်၊ အရင်က သူစိမ်းတစ်ယောက်နဲ့ ဘာလို့လက်ထက်ချင်ခဲ့တာလဲ?။ ဒါကြီးကအဓိပ္ပာယ်မရှိဘူးလေ။

ဖန်းမိုအာသည် ကုတင်ပေါ်ကိုလှဲချလိုက်ပြီး အိပ်ပျော်ဖို့ကြိုးစားနေပေမဲ့ အိပ်လို့မရပေ။ သူမရဲ့တစ်စုံတစ်ခုပျောက်ဆုံးနေသလိုဖြစ်နေသည်။

အိပ်ပျော်သွားတဲ့အခါ သူမ၏ဘေးဘက်နေရာကိုမသိစိတ်ဖြင့်စမ်းကြည့်လိုက်ပေမဲ့ ဘာမှရှိမနေပေ။

ဖန်းမိုအာကရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး နေသားမကျသလိုခံစားနေရသည်။

တိတ်ဆိတ်တဲ့ညမှာ ကြီးမားတဲ့အိပ်ခန်းသည်လူသူကင်းမဲ့နေသလိုပင်။

ဖန်းမိုအာသည်အိပ်ရာမှထကာဖိနပ်ပါးတစ်ရံကိုစီးလိုက်၏။ သူမနှင့်ဆန့်ကျင်ဘက်ရှိဧည့်ခန်းတံခါးသည် ပိတ်ထားလေသည်။ တံခါးအောက်ရှိနေရာလွတ်မှ အခန်းထဲတွင်မှောင်မဲနေသည်ကိုမြင်နိုင်သည်။ မည်သည့်လှုပ်ရှားမှုမှရှိမနေပေ။

သူမအိပ်ပျော်မှဖြစ်မည်။ ဖန်းမိုအာသည် တံခါးအရှေ့တွင်ရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေခဲ့သည်။ နှုတ်ခမ်းကိုကိုက်ကာ ထပ်ခါထပ်ခါ စဉ်းစားနေတယ်။ နောက်ဆုံး‌တော့ အေးအေးချမ်းချမ်းအိပ်နေတဲ့သူမရဲ့ယောင်္ကျားကိုမနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမသည် မာစတာအိပ်ခန်းထဲသို့ပြန်လာကာ အိပ်ရန်မီးပိတ်လိုက်သည်မှာသနားစဖွယ်ဖြစ်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now