Chapter 69: ကိုယ်မင်းကိုဘယ်လိုအပြစ်မျိုးပေးရမလဲ

965 40 1
                                    

**18+ အနည်းငယ်ပါပါတယ်နော် အသက်မပြည့်သေးတဲ့ကလေးတွေကျော်သွားကြပါနော်**

သူမက "တခြားသတင်းကောင်းတစ်ခုရှိသေးတယ်"

"ကိုယ်ခန့်မှန်းကြည့်မယ်၊ မင်းအမျိုးသမီးဇာတ်လိုက်ဖြစ်သွားတာလား? "ရှီမိုသည်သူ့ခေါင်းကို ငုံ့လိုက်ပြီး သူမကိုကြည့်လိုက်သည်။

"ရှင်ဘယ်လိုသိတာလဲ?"

"မင်းကဒီလောက်လှတာ၊ မင်းကိုယ်မင်းအရမ်းကျေနပ်နေတဲ့ပုံစံနဲ့ မင်းရဲ့ပြုံးနေတဲ့မျက်နှာလေးက ပန်းပွင့်လေးနဲ့တူနေတယ်လေ" ရှီမိုက သူမရဲ့ နူးညံ့တဲ့မျက်နှာလေးကိုဖျစ်ညစ်လိုက်တယ်။ အဲ့တာက ချောမွတ်ပြီး ဖြူဖွေးနေပြီးလုံးဝကို ထိရက်စရာပင်မရှိပေ။

သူ့လက်ဟာသူမမျက်နှာကိုခေါက်တို့ခေါက်ပြန်ထိလို့နေတယ်။

ရုတ်တရက် အပြင်မှတံခါးခေါက်သံထွက်လာသည်။

ဖန်းမိုအာချက်ချင်းပဲ သူ့ရဲ့ရင်ခွင်ထဲကနေထွက်လိုက်ပြီး သူမကိုယ်သူမသပ်ရပ်အောင်လုပ်လိုက်သည်။

ရှီမိုသူမကိုတစ်ချက်ကြည့်လိုက်သည်။ အပြစ်ရှိတဲ့စိတ်ဖြင့် ဖန်းမိုအာသည် သူနှင့်ခွာနေရန် ဆိုဖာဆီသွားကာ ထိုင်လိုက်သည်။

သူမရဲ့ ခုနကအပြုအမူကိုမြင်သွားလိမ့်မည်ကိုစိုးရိမ်နေသည်။

ရွေးချယ်စရာမရှိတော့ပဲသွားလိုက်တော့သည်။ ရှီမိုက "ဝင်ခဲ့ " ဟုကျယ်ကျယ်ပြောလိုက်တော့သည်။

လက်ထောက်ယုသည်တံခါးကိုတွန်းဖွင့်၍ဝင်လာခဲ့သည် "ဥက္ကဌရှီ၊ ဥက္ကဌယုနဲ့အင်တာဗျူးမဲ့အချိန်ရောက်ခါနီးပါပြီ"

ရှီမိုကလက်ကိုယမ်းလိုက်ကာ နောက်ဆိုရင် "ငါ့မိန်းမရှိနေရင် အရေးမကြီးတဲ့ကိစ္စတွေကိုဘေးဖယ်ထားလိုက်"

လက်ထောက်ယုကအမြန်ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့"

ရှီမိုကရုတ်တရက် "ခဏနေဦး"

လက်ထောက်ယုသည် ရပ်လိုက်ပြီး သူမော့ကြည့်လိုက်တဲ့အခါမှာတော့ ရှီမိုကသူ့လက်ကနာရီကိုကြည့်နေတာကိုတွေ့လိုက်ရသည်။

လက်ထောက်ယုက "မဒမ် ကကျွန်တော့်ကိုပေးခဲ့တာပါ"

ရှီမိုရဲ့ အမူအရာသည် သိရန်ခက်ခဲသည် ။ သူလက်ကိုယမ်းလိုက်ပြီး ထွက်သွားရန်ပြောလိုက်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now