Chapter 18: ငါ့အတွက်သီချင်းဆိုပေး
ဖန်းမိုအာ အတွက် သီချင်းရေးခြင်းကလွယ်ကူလာခဲ့သည်။ သူမအရင်ဘဝတုန်းက ကာရာအိုကေမှာ မိုက်ကိုင်ခဲ့ဖူးသည်။
တကယ်လို့သာသူမအတိတ်ကသီချင်းစာသားတွေကိုမှတ်မိမယ်ဆိုရင် စာကြောင်းအနည်းငယ်ကို ကျပန်းရွေးပြီး ပေါင်းစည်းလိုက်မည်ဖြစ်သည်။
ဒါဆိုရင်တော့ အရည်သွေးမြင့်တဲ့လက်ရာတစ်ခုဖြစ်သွားမှာပဲ။
"မင်းငါ့ကိုနှစ်သိပ်မနေစေချင်ဘူး။ မင်း ဂရုမစိုက်တော့ဘူးလို့ငါ့ကိုမပြောစေချင်ဘူး"
"မင်းရဲ့မျက်ရည်တွေကိုခြောက်သွေ့အောင်နေပါ။ ဒါကနောက်ဆုံးအကြိမ်ပဲ"
ဖန်းမိုအာသည်ခေါင်းညိတ်လိုက်ကာ ခံစားချက်ကောင်းနေသည်။
"ငါနာကျင်ခဲ့ပေမဲ့၊ အခုတော့သူ့ကြောင့်သက်သာရာရသွားပြီ"
"သူ့ရဲ့ခွန်အားတွေနဲ့ ငါ့ကိုထပ်ပြီးအချစ်ကိုယုံကြည်စေတယ်"
"သူဟာငါ့ရဲ့အတိတ်တွေကိုမေ့ပျောက်စေပြီး ပိုကောင်းတဲ့ငါဖြစ်လာစေတယ်"
"သူအနားမှာဆိုရင် ငါမကြောက်တော့ဘူး"
"ငါပျော့ညံ့မနေတော့ဘူး။ ငါအလျော့မပေးဘူး ။ ငါစိတ်ဓာတ်ကျမနေတော့ဘူး"
.
ဖန်းမိုအာသည်သူမရေးထားသောစာသားတွေကိုအလွန်ကျေနပ်နေ၏
သိပ်မကြာခင်မှာပဲ လှပတဲ့သီချင်းတစ်ပုဒ်ရေးပြီးသွားလေသည်။ စာသားတွေဟာ အချစ်ကြောင့်နာကျင်ခံစားပြီးတဲ့နောက်မှာ ပြန်လည်မွေးဖွားခြင်းအကြောင်းကိုရေးထားတာဖြစ်တယ်။
ဖန်းမိုအာသည်သီချင်းစာသားတွေကို မန်နေဂျာယုဆီကိုအီးမေးလ်အမြန်ပို့လိုက်သည်။
နေ့လည်ခင်းမှာတော့ ဖန်းမိုအာသည်ကြိုးကြိုးစားစားလေ့လာနေခဲ့ကာ သူမအကြောဆန့်လိုက်ချိန်မှာပဲ ဖုန်းဝင်လာခဲ့သည်၊။
"မမဖန်း"
တစ်ဖက်မှချိုမြိန်လွန်းသောအသံကိုကြားလိုက်ရသည်နှင့် ဖန်းမိုအာတစ်ကိုယ်လုံးသည် ကြက်သီးမွေးညင်းများထသွားလေသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...