Chapter 10: အရမ်းလွယ်နေတာ အထူးအဆန်းတော့မဟုတ်ဘူးပဲ !
ဖန်းမိုအာ ရုံးခန်းထဲသို့ဝင်လိုက်သည်နှင့် အပြင်ဘက်ရှိ သူမရဲ့ လုပ်ဖော်ကိုင်ဖက်များသည်စကာပြောရန် စုရုံးလာကြသည်။
"ဘယ်လိုဖြစ်တာလဲ၊ ဒီနေ့ဖန်းမိုအာ ဘာလို့ဖက်ရှင်ကျကျဝတ်လာတာလဲ?"
"အရင်တုန်းက သူမက ဥက္ကဌမူနောက်ကိုအရှက်မရှိလိုက်နေတာမလား"
"အာ, ဖန်းမိုအာ အသဲကွဲသွားတာတော့မဟုတ်ဘူးမလား?"
"ငါထင်တာတော့ ဖန်းမိုအာ ဒီမှာအလုပ်ဆက်မလုပ်နိုင်တော့ဘူးထင်တာပဲ။ ဒီနေ့ဘာလို့မာနကြီးတဲ့ပုံပေါက်နေတာလဲ?"
"ကုမ္ပဏီတစ်ခုလုံးက သူမတစ်ယောက်ထဲကိုစောင့်နေရတာလေ။ တကယ်လို့ သူမသီချင်းသာဆန်ကာတင်စာရင်းမဝင်လို့ကတော့ သူမကိုဘာမှမဟုတ်တဲ့အတွက် ဝိုင်းပြောကြမှာပဲ"
ဖန်းမိုအာ၏နားရွက်များသည် လှုပ်သွားသည်။ သူမ မကြားချင်ယောင်ဆောင်ချင်ပေမဲ့ အပြင်ကသူတွေက် သူမကြားအောင်တမင်ရည်ရွယ်ပြောနေကြတယ်လေ။
ဖန်းမိုအာသည် သူမရဲ့ မူလစရိုက်ကို ပြန်လည်သုံးသပ်သင့်သည်ဟုခံစားလာရသည်။ သူမဘာကြောင့်ဒီလိုသနားစရာကောင်းတဲ့ ဘဝကိုဖြတ်သန်းနေရတာလဲ?
သူမရှိသမျှအားလုံးကို ပေးထားပြီးတာတောင်ဒီကမ္ဘာပေါ်ကလူတိုင်းကသူမကို သဘောမကျကြတာလဲ။
သူမသည်အရည်အချင်းရှိမှန်းသိသာသော်လည်း သူမကိုဘယ်သူမှ အထင်မကြီးကြပေ။
အဲ့အချိန်မှာပဲ ၊ ဌာနမှူ ချီပြန်ရောက်လာခဲ့ကာ "အားလုံးဒီကိုလာပါ" ဆိုကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အပြင်မှာစုဝေးနေကြတဲ့သူအားလုံးကိုစုခိုင်းလိုက်သည်။" ဌာနမှုးချီ ခင်ဗျားကြည့်ရတာအရမ်းပျော်နေပုံပဲ။ ဇာတ်ဝင်သီချင်းအတည်ပြုပြီးသွားပြီလား?"
"ဘယ်သီချင်း ရွေးခံလိုက်ရတာလဲ?"
"အဲ့ဒါ ရှောင်ဟွမ်းလား ။ သူ့သီချင်းတွေကိုအများဆုံးနားထောင်ကြပြီးတော့ အကောင်းဆုံးဆုကိုတောင်ရထားထာလေ"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...