Chapter 21: အစားထိုးနာမည်ကြီးခြင်း
ပိုင်ရုန်သည် သူမရဲ့ မျက်လုံးမှခံစားချက်များကိုဖုံးကွယ်ရန်ခေါင်းငုံ့ထားလိုက်သည်။ "တကယ်တော့ သူမကအရမ်းရုပ်ဆိုးတာ ၊ ဘယ်သူ့ကိုမှသူမနာမည်ကိုမသိစေချင်ဘူးတဲ့။ အဲ့တာကြောင့် ဘယ်သူ့ကိုမှမပြောဖို့ ညီမကိုပြောခဲ့တာ"
'သူမကအရမ်းရုပ်ဆိုးတယ်ဆိုတာနဲ့တင်သူမသည်အနုပညာရှင်တစ်ယောက်ဖြစ်ဖို့မဖြစ်နိုင်တော့ပေ။' ပိုင်ရုန်သည်နှလုံးသားထဲကိုတိတ်ဆိတ်မှုတွေပေါင်းထည့်ခဲ့လိုက်တယ်။
ထုံးစံအတိုင်းပဲ ဖန်းမိုအာက သူမရဲ့အစားထိုးဖြစ်နေတာကို မူချန်ကိုမသိစေချင်ပါဘူး။
မူချန်ရဲ့မျက်လုံးထဲမှစိတ်ပျက်မှုကိုဖြတ်ပြေးသွားသော်လည်း သူက "သူမဘယ်လောက်တောင်ရုပ်ဆိုးတာလဲ? သူမမှာအရည်အချင်းရှိသ၍ရုပ်ဆိုးနေရင်တောင် ပလပ်စတစ်ဆာဂျရီလုပ်လို့ရတယ်"
ပိုင်ရုန်က မူချန်သည် အစားထိုးတစ်ယောက်အတွက်ဇွဲကြီးနေလိမ့်မယ်လို့မမျှော်လင့်ထားတာကြောင့် သူမပြောနိင်တာကတော့ "ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး။ သူမ မျက်နှာကမီးလောင်ထားထာ ပြီးတော့ ဒဏ်ရာကပြင်းထန်တယ်။ ပလပ်စတစ်ဆာဂျရီကအဆင်ပြေမှာမဟုတ်ဘူး။ဒါ့ကြောင့် .."
မူချန်၏စိတ်သည် စင်မြင့်ပေါ်ရှိမီးလောင်ထားတဲ့ အသွင်အပြင်ကိုချိတ်ဆက်ကြည့်လုက်ရာ ချက်ခြင်းပင် မအီမသာဖြစ်သွားစေသည်။ "ဒါဆိုမှတော့ မေ့လိုက်တော့ " လို့မြန်မြန်ပဲပြောလိုက်သည်။
ပိုင်ရုန်သည်နူးညံ့စွာပြန်ပြောလိုက်သည်။ "ဒါကတကယ့်ကိုမသင့်တော်ဘူး"
တစ်ချိန်တည်းမှာပဲ မီးလောင်လူနာအဖြစ်တင်သွင်းခံလိုက်ရသောဖန်းမိုအာသည်သူမ၏ရုံးခန်းတွင်ရှိနေသည်။ သူမသည် ရှောင်ပေါင် ဝက်ဘ်ဆိုက်တွင် ဗီဒီယိုများကိုအာရုံစိုက်ကာကြည့်နေသည်။
သူမသည်ဒီနေ့တွင်အလွန်ကံကောင်နေသည်။ ဆရာပိုင်သည် ထပ်၍တိုက်ရိုက်ထုတ်လွှင့်နေသည်ဖြစ်တယ်။
မကြာသေးခင်က ပိုင်လျန်းသည်အားလပ်ချိန်များစွာရှိပုံရပြီး တိုက်ရိုက်သင်ကြားရေးသင်တန်းများကိုစတင်ခဲံ့သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...