Chapter 20: ဖန်းမိုအာကိုလက်မှတ်ထိုးစေချင်တယ်

1.1K 78 0
                                    

Chapter 20: ဖန်းမိုအာကိုလက်မှတ်ထိုးစေချင်တယ်

ရှီမိုကသူ့လက်ထောက်ကိုမော့ကြည့်လိုက်ကာ " သူသီချင်းဆိုတာကောင်းတယ်လို့ထင်လား?"

သူ့လက်ထောက်ကတော့စိတ်အားထက်သန်စွာနဲ့ပဲ ခေါင်းညိတ်လိုက်သည်။ " သူမရဲ့ အရည်အချင်းနဲ့ ကျော်ကြားမှုနည်းနည်းလေးနဲ့ဆိုရင် သူမကသေချာပေါက်နာမည်ကြီးတစ်ယောက်ဖြစ်လာမှာပဲ"

သူမရဲ့ သိမ်မွေ့တဲ့အသံ ကိုသူမရဲ့ သီဆိုနိုင်စွမ်းကိုပေါင်းထည့်လိုက်တဲ့အခါမှာ အောင်မြင်မှုကိုတောင်မြင်နေရပြီဖြစ်တယ်။

သူမကသေချာပေါက်အောင်မြင်လိမ့်မယ်။

ရှီမိုကလက်ထောက်ရဲ့ အမွှမ်းတင်စကားတွေကိုအရမ်းသဘောကျနေတာဖြစ်တယ်။

သူ ရုတ်တရက်အကြံတစ်ခုရသွားတယ်။

သူမကို သူ့ကုမ္ပဏီနဲ့ လက်မှတ်ထိုးပြီးတော့ သူမကိုကောင်းကောင်းမြှင့်တင်ပေးချင်တယ်။

ပိုင်ရုန်သည် ကုမ္ပဏီမှဖုန်းခေါ်ဆိုမှုများကိုရရှိခဲ့ပြီး အထူးသဖြင့် ကုမ္ပဏီကိုအမြန်ပြန်ရန်တိုက်တွန်းနေသောမူချန်ထံမှဖြစ်တယ်။

"မင်းဘာလို့ အစားထိုးငှားတာလဲဆိုတာကိုငါဂရုမစိုက်ဘူး။ အခုဒီကိစ္စကပေါ်သွားပြီဆိုတော့ ကုမ္ပဏီကိုမြန်မြန်ပြန်ပြီး ဒေါသထွက်နေတဲ့ ပရိတ်သတ်တွေကိုကျေနပ်လောက်တဲ့ အဖြေပေးနိုင်ဖို့ ဖြေရှင်းချက်ရှာရမယ်။"

ပိုင်ရုန်အနေနဲ့ သူမရဲ့ဖျော်ဖြေပွဲမှာ အစားထိုးခန့်ထားတယ်ဆိုတာကို မူချန်ဟာပထမဆုံးအကြိမ်သိရှိလိုက်ခြင်းဖြစ်သည်။

ပိုင်ရုန်ကိုကုမ္ပဏီကိုပြန်ခေါ်ဖို့သူ မစောင့်နိုင်တော့ဘူး။

ပိုင်ရုန်ကဒီကိစ္စမည်မျှလေးနက်နေသည်ကိုသိပြီး ကုမ္ပဏီကိုအမြန်ပြန်သွားလိုက်သည်။

ကုမ္ပဏီကတော့ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။

ဧည့်ကြိုသည်ပိုင်ရုန်ကိုပြေးလာသည်ကိုမြင်သည်နှင့် ချက်ချင်းပဲ ထူးဆန်းတဲ့အကြည့်ဖြင့်ကြည့်လိုက်လေသည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now