Chapter 14: ဒါကငါ့ကောင်လေး

1.2K 77 1
                                    

Chapter 14: ဒါကငါ့ကောင်လေး

မူချန်သည်အကြာကြီးစောင့်ဆိုင်းနေရသလိုသူ့လက်ပိုက်ထားလေသည်။

ပိုင်ရုန်သည်သူ့ဘေးတွင်ရပ်နေကာ သိချင်စိတ်ဖြင့်ဓာတ်လှေကားကိုကြည့်နေလေသည်။

သူမဖန်းမိုအာထွက်လာတာကိုမြင်လိုက်တာနဲ့မူချန်လက်မောင်းကိုအမြန်ဆွဲကိုင်လိုက်လေသည်။

"သူမရောက်ပြီ"

မူချန်ကြည့်လိုက်ရာဖန်းမိုအာနဲ့အတူထွက်လာတဲ့အမျိုးသားကိုကြည့်လိုက်လေသည်။

သူသည်ရုပ်ချောပေမဲ့ မူချန်သည်သူ့ကိုမတွေ့ဖူးလေဘူး။

သူကအရေးပါတဲ့သူတစ်ယောက်မဖြစ်နိုင်ပေ။

ဖန်းမိုအာသည်ရှီမိုလက်ကိုတွဲထားကာဖြတ်လျောက်သွားလေသည်။ "ရှင်ကျွန်မကိုစောင့်နေတာလား?"

မူချန်သည်တွဲထားသောလက်ကိုစိတ်ရှုပ်စွာကြည့်လိုက်လေသည်။

ပိုင်ရုန်သည်ပြောသလိုပဲ ဖန်းမိုအာကချမ်းသာလာတော့တခြားယောက်ျားတစ်ယောက်ကိုချက်ချင်းရှာခဲ့တာလား။

ဘယ်လိုတောင်အရှက်မရှိတာလဲ။

"ငါ့ကောင်လေးနဲ့မိတ်ဆက်ပေးမယ်နော်"

ဖန်းမိုအာကမူချန်က သူမကိုသူတို့ရဲ့ ဆက်ဆံရေးဟောင်းကိုအကြောင်းပြပြီးလာပြီး မရှာစေချင်တော့ပေ။ ဒါကြောင့် သူမအားလုံကိုချပြဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။

မူချန်ရဲ့ အမူအရာဟာမှောင်မဲလာပြီး ပိုင်ရုန်ကိုသူ့အနားကိုဆွဲလိုက်ကာ " ငါတို့အတူရှိနေကြပြီ"

အစပိုင်းမှာတော့ မူချန်ကဖန်းမိုအာနဲ့ဆက်ဆံရေးကိုဆက်ရှိစေချင်သော်လည်း

အခုတော့ ဖန်းမိုအာက သူနဲ့နီးကပ်မဲ့အခွင့်အရေးကိုလက်လွှတ်သွားခဲ့တယ်။

"ဒါဆို ဂုဏ်ပြုပါတယ်နော်"

ဖန်းမိုအာ၏မျက်မနှာတွင်နာကျင်နေသည့်အရိပ်အယောင်ကိုမတွေ့ရပေ။

အသုံးချခံဖြစ်သွားသောပိုင်ရုန်သည်ပျော်နေခဲ့သည်။

နောက်ဆုံးတော့ သူမနှင့်မူချန်တို့ရဲ့ဆက်ဆံရေးကိုထပ်ပြီးဖုံးကွယ်ထားစရာမလိုတော့ဘူးလေ။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now