လူတိုင်းက စိတ်ပူနေကြသည်။ ဒါရိုက်တာဝမ်တောင် ကျားစိတ်လွတ်သွာမည်ကို စိုးရိမ်နေခဲ့သည်။
ပိုင်ရုန်နှင့် လက်ထောက်သာလျှင် ဖန်းမိုအာကို ကြည့်နေခဲ့သည်။
ဖန်းမိုအာသည် သာမန်အတိုင်းပြုမူမနေတာကိုသူတို့သိနေခဲ့သည်။
"မဖြစ်နိုင်ဘူး။ ကျားကသူမနောက်လိုက်နေတာလေ။ မကြောက်ဘဲဘယ်နေလိမ့်မလဲ? ဖန်းမိုအာကဘယ်လိုလုပ်ပြီး သရုပ်ဆောင်နေနိုင်သေးတာလဲ? "လက်ထောက်သည် မယုံနိုင်ပေ။
သို့သော် အမှန်ဖြစ်သည်။
အဲ့အချိန်တွင် လျန်ချီးသည် ကျားဆီကိုထပ်ပြီး လျှောက်လာလိုက်သည်။
သူ့နှလုံးသားထဲမှ ကြောက်ရွံမှုကိုထိန်းချုပ်ထားပြီး မျက်နှာပေါ်တွင် တည်ငြိမ်ဟန်ဆောင်နေခဲ့သည်။
နောက်ဆုံးမှာတော့ သူကျားရှိတဲ့ဘက်ကိုသွားလိုက်သည်။
ကံကောင်းစွာပဲ ကျားသည် နာခံပြီး မလှုပ်ပေ။
လျန်ချီးသည် သူ့လက်ထုတ်လိုက်ကာ အမွှေးကိုသပ်ပေးလိုက်သည်။
သားရဲထိန်းသည် လက်ဟန်ပြနေပြီး ကျားကိုတစ်ပတ်လည်ကာ အနောက်ဘက်ကိုပြန်သွားလိုက်တော့သည်။
လူတိုင်းသည် ချက်ချင်းသက်ပြင်းချလိုက်ကြတော့သည်။
လျန်ချီးသည်လည်း သက်ပြင်းချလိုက်ပြီး အမြန်ပဲသူ့ရဲ့ နောက်လှုပ်ရှားမှုလုပ်လိုက်သည်၊။ သူလှည့်လိုက်ကာ အမျိုးသမီးဇာတ်လိုက်ထွက်သွားသောဘက်ကိုလျှောက်သွားလိုက်သည်။
"ရပ်လိုက်" သူအော်လိုက်သည်။
သို့သော် အမျိုးသမီးဇာတ်လိုက်သည် ထောင့်တစ်နေရာတွင် ပျောက်သွားပြီဖြစ်သည်။
လျန်ချီးသည် အေးခဲသွားတော့သည်။
အဲ့အချိန်မှာပဲ" ဒါရိုက်တာက ကဒ် ၊ ဒီအခန်းပြီးသွားပြီ"
ဝန်ထမ်းများသည်ချွေးအေးများထွက်နေသော ဖန်းမိုအာကိုနှစ်သိပ်နေကြသည်။
"မစ္စဖန်း အလန့်ပြေသွားအောင်ရေသောက်လိုက်ပါဦး" ဝန်ထမ်းတစ်ယောက်သည် ဖန်းမိုအာကို ရေတစ်ဘူးကမ်းပေးလိုက်ပြီ ဖန်းမိုအာရဲ့ နှဖူးပေါ်တွင် ချွေးအေးများထွက်နေသည်ကို သတိထားမိလိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...