Chapter 47: အဆင့်နှိမ့်ချခြင်း

812 51 3
                                    

ဌာနမှူးချီးကမနေနိုင်တော့ပဲ လေးလေးနက်နက်စဉ်းစားလိုက်တယ် "မင်းမှန်တယ်၊ တကယ်လို့ Veiled Queen က New Talent Ranking မှာပါဝင်မယ်ဆိုရင် သူမကနံပါတ်တစ်ဖြစ်မှာပဲ။ ပိုင်ရုန်ကနံပါတ်နှစ် ဖြစ်ပြီး ရှားကျီက နံပါတ်သုံးဖြစ်လိမ့်မယ်လို့ငါခန့်မှန်းထားတယ်။"

ထိုအဆင့်သတ်မှတ်ချက်သည် သတ်မှတ်ထားပြီးဖြစ်ပုံရပြီး အခြေခံအားဖြင့်တော့ ကွာခြားမှုသိပ်မရှိလောက်ပေ။

" Veiled Queen ဝင်ပါမလားဆိုတာတော့ငါမသိဘူး။ သူမကဒီလိုအသေးစားဇယားလေးကိုစိတ်ဝင်စားမယ်မထင်ဘူး။ Star Dream Era မှာအရင်းအမြစ်တွေအများကြီးရှိတယ်ဆိုတာ မင်းလည်းသိပါတယ်။ သူမက New Talent Ranking ဇယားကိုစိတ်ဝင်စားလိမ့်မယ်ဆိုတာကို မင်းယုံလား? ဒါကအဆင့်ကိုနှိမ့်ချလိုက်သလိုဖြစ်မနေဘူးလား?"

အရင်က Star Dream Era ရဲ့လူသစ်တွေက အဓိကလများအတွင်း သီချင်းများကိုထုတ်ဝေခဲ့ပြီးဖြစ်သော်လည်း New Talent Ranking ဇယားတွင်မဝင်ရောက်နိုင်ရန် တမင်တကာပြုလုပ်ခဲ့ကြသည်။ ကုမ္ပဏီကြီးသည် ထောက်ပံ့မှုများသည်။ ဒါကြောင့် Star Dream Era မှအနုပညာရှင်များသည် New Talent Ranking ဇယားတွင်ပါဝင်သည်မှာအလွန်ရှားပါးသည်။

ဖန်းမိုအာကတော့ သူမဘာသာစဉ်းစားနေသည် 'ဒါကအဆင့်နှိမ့်ချတာမဟုတ်ဘူး'

နောက်နေ့မနက်စောစောတွင် ကုမ္ပဏီသည်စိတ်အားထက်သန်မှုများဖြင့်ပြည့်နှက်နေသည်။

New Talent Ranking ဇယားပြီးဆုံးခါနီးတွင် ဖန်းမိုအာရဲ့ 'Air' သီချင်းသည်ဒုတိယနေရာတွင် ရပ်တည်နေခဲ့သည်။

ပိုင်ရုန်၏သီချင်းအသစ်သည် သူမ၏ရုတ်တရက်ဆန်သောပြဿနာများကြောင့် သူမ၏သီချင်းသည် ပထမနေရာကိုချက်ချင်းရခဲ့သည်။

နေ့လည်တွင်တော့ ပိုင်ရုန်ဟာ ဖန်းမိုအာကိုရန်စရန်အတွက် သီချင်းရေးဆရာပိုင်လျန်းကိုခေါ်လာခဲ့သည်။

ပိုင်ရုန်ကပြုံးကာ "မမဖန်း၊ ဒါက ရွှေအဆင့်သီချင်းရေးဆရာပဲလေ။ စိတ်ဝင်စားစရာအကြောင်းတချို့ကို ပြောသင့်တယ်။ အမှန်တော့ New Talent Ranking ဇယားမှာ နှစ်ယောက်စလုံးကြောင့် ပထမနဲ့ ဒုတိယနေရာကိုရကြတာလေ"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now