Chapter 41: အားလုံးသီချင်းအတူတူဆိုကြမယ်
လျန်းချီးနှင့် ရှောင်တျန်းတို့သည် စင်နောက်တွင်ရပ်နေကာ စင်ပေါ်မှလူများကိုထိပ်လန့်စွာကြည့်နေကြသည်။
ရှောင်တျန်းကအသံတိုးတိုးဖြင့် " သူမကို အခုဘာဆေးပေးလိုက်တာလဲ?"
"ဘာဖြစ်နိုင်ဦးမလဲ? ငါရုပ်ရှင်ရိုက်တုန်းအိပ်ချင်နေရင်သောက်တဲ့ဆေးလေ"
ရှောင်တျန်းကသက်ပြင်းချလိုက်ကာ "အဲ့တာကခန္ဓာကိုယ်အတွက်ဘေးထွက်ဆိုးကျိုးမရှိလောက်ဘူးမလား?"
"ငါမသိဘူး။ ငါကတော့တစ်လုံးပဲသောက်နေကျပဲ ။ Veiled Queen ကိုတော့ သုံးပြားတစ်ခါတည်းပေးလိုက်တာပဲ.."
အဲ့စကားကြောင့်ပဲ ရှောင်တျန်းသည်ပို၍စိုးရိမ်လာတော့သည်။
နိုးကြားစေတဲ့ဆေးသည်အိပ်ဆေးသောက်ထားတဲ့သူအတွက်အကျိုးသက်ရောက်မှုကထိရောက်ပါ့မလား? အရင်ကဘယ်သူမှမစမ်းဖူးလို့ သေချာမသိပေ။
အပြင်တွင်နွေးထွေးသောလက်ခုပ်သံများရှိနေသည်။
စင်ပေါ်တွင်ရပ်နေသောလူနှစ်ယောက်အပေါ်တွင် စလိုက်မီးနှစ်ခုသည်လင်းလက်နေသည်။
ပိုင်ရုန်၏မျက်နှာသည် သူမသည် အောင်ပွဲခံသူကဲ့သို့အပြုံးဖြင့်တစ်ချိန်လုံးပြုံးနေသည်။
တစ်ချိန်တည်းမှာပဲ ဘေးတွင်ရပ်နေသောVeiled Queen သည် လုံးဝမလှုပ်ပဲ ခေါင်းငုံ့ထားသည်။
Veiled Queen ရဲ့အမူအရာကိုပရိသတ်များမမြင်နိုင်ပေ။ ချောမောလှပသောပိုင်ရုန်ကိုမသိစိတ်ကစွဲဆောင်သွားခဲ့သည်။
ပရိသတ်များသည်တိုက်ရိုက်ထုတ်လွှင့်မှုမှပရိသတ်မျာသည်ပိုင်ရုန်၏အနီးကပ်ရိုက်ချက်ကိုမြင်တွေ့လိုက်ရသည်။
ချက်ခြင်းပဲ ကျည်ဆန်စခရင်မှာတော့ ဒူးထောက်ချင်တဲ့သူတွေနဲ့ပြည့်နေသည်။
"နတ်ဘုရားမပိုင်ရဲ့အလှကမယုံနိုင်စရာပဲ"
"ဒီလိုရုပ်ရည်ကောင်းတဲ့ သူကမင်းသမီးမဖြစ်တာကသနားစရာပဲ"
"နတ်ဘုရားမပိုင်ရဲ့သီချင်းဗီဒီယိုကိုကြည့်လိုက်တိုင်းအဲ့ဒါကရုပ်ရည်နဲ့တင်ကြည့်ပျော်တယ်"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...