Chapter 34: လူသစ်ကိုကြိုဆိုခြင်း

743 49 1
                                    

Chapter 34: လူသစ်ကိုကြိုဆိုခြင်း


ရှန်းယွဲ့သည်တစ်ခုခုမှားနေကြောင်းသတိထားမိလိုက်ပြီး " နင်တို့နှစ်ယောက်အချင်းချင်းရန်ငြိုးရှိကြတာလား?"

"သေချာတာပေါ့" ဖန်းမိုအာကအသေးစိတ်တော့ပြောမပြပေ။ "မန်နေဂျာရှန်း ၊ ရှင့်ရဲ့ညွှန်ကြားချက်အတွက် ကျွန်မရှင့်ကိုဒုက္ခပေးရဦးမယ်"

ဖန်းမိုအာသည်ဖုန်းချလိုက်သည်နှင့် ရှန်းယွဲ့သည်သူမကိုသူငယ်အဖြစ်အမြန်ထည့်လိုက်သည်။

အဲ့နောက်သူမစီမံသည့်အနုပညာရှင်များးရှိသော ဂရု ချက်ထဲကိုထည့်လိုက်သည်။

"နင်ကုမ္ပဏီကအနုပညာရှင်တွေနဲ့အရင်ဆုံးရင်းနှီးအောင်လုပ်ရမယ်။ ငါအလုပ်များနေခဲ့တယ်ဆိုရင်တောင် နင့်မှာပြဿနာတစ်ခုခုရှိလာရင် ကုမ္ပဏီကစီနီယာတွေဆီကနေအကြံဉာဏ်တောင်းလို့ရတယ်"

ဖန်းမိုအာကချက်ချင်းပဲ "မန်နေဂျာရှန်း ရှင်အလုပ်များနေတာကိုနားလည်ပါတယ်။ ဒါကြောင့်ရှင့်ရဲ့အလုပ်ကိုအရင်လုပ်ပါ"

ရှန်းယွဲ့သည်သူမကိုဆက်၍ပြန်မပြောတော့ပေ။

ဖန်းမိုအာသည် "မန်နေဂျာရှန်းရဲ့ကလေးများ" ဆိုတဲ့WeChat အဖွဲ့ထဲကိုအထည့်ခံလိုက်ရသည်။

သူမဝင်ပြီးမကြာခင်မှာပဲ @ မိုအာကိုတွေ့လိုက်ရသည်။

လျန်ချီး - "လူသစ်လေးရေကြိုဆိုပါတယ်! ညီမလေးနင်က အဆိုတော်လား၊ သရုပ်ဆောင်လား? "

အဖွဲ့ထဲမှတစ်ယောက်ယောက်ကစကားပြောဖို့ချက်ချင်းပေါ်လာသည်။

ဖန်းမိုအာကယဉ်ယဉ်ကျေးကျေးပဲပြန်ပြောလိုက်သည်"မင်္ဂလာပါ စီနီယာတို့၊ ကျွန်မကVeiled Queen ပါ။ အနာဂတ်မှာကျွန်မကိုကူညီပေးကြမယ်လို့မျှော်လင့်ပါတယ်။ မန်နေဂျာရှန်းကစီနီယာတို့ဆီကနေသင်ယူဖို့ ပြောထားပါတယ်"

ဖန်းမိုအာရဲ့နှိပ်ချမှုသည် လူတိုင်းကိုခံစားချက်ကောင်းများဖြစ်စေသည်။ အဖွဲ့ထဲတွင်ဖန်းမိုအာအပါအဝင် ငါးယောက်သာရှိသည်။

သို့သော် ဖန်းမိုအာသည်သူတို့ထဲမှတစ်ယောက်သည်နာမည်ကြီးအဆိုတော် ပေးရှီးဖြစ်ပြီး နောက်တစ်ဦးသည် A-list သရုပ်ဆောင် ကုန်ဟောင့်ဖြစ်သည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now