Chapter 25: အကောင်းဆုံးလုပ်ခဲ့တယ်
အပြင်မှသူများသည် သူမကိုလေးလေးနက်နက်ကြည့်နေကြသည်။
ဖုံးကွယ်ထားတဲ့ အဆိုတော်၏အထောက်အထားမှာ ပဟေဠိဖြစ်နေဆဲဖြစ်သည်။ သူတို့သိသည့်တစ်ချက်မှာ သူမ၏ ကောင်းလွန်းသောအသံနှင့် လူများစွာကိုဆွဲဆောင်နိုင်လွန်းသည့် သီဆိုနိုင်စွမ်းတွေဖြစ်တယ်၊။
သူတို့ရဲ့ ကျွမ်းကျင်သူကိုအားကျခြင်းအပြင် လူတိုင်းကလည်း သူမရဲ့ အထာက်အထားများကိုသိချင်ကြသည်။ဖန်းမိုအာသည် သူမရေးထားတဲ့စာသားတွေကိုကြည့်ပြီးပြုံးလိုက်သည်။
သူမသည် အသံဖမ်းအင်ဂျင်နီယာကို OK ဟုလက်ဟန်ပြလိုက်သည်။
တစ်ခဏအတွင်းမှာပဲ ဂီတသံထွက်လာသည်။ အစပိုင်းတွင် သီချင်းသည် ဝမ်းနည်းစရာအငွေ့အသက်ကိုဖန်တီးပေးခဲသည်၊။ ဖန်းမိုအာသည် သူမနှုတ်ခမ်းကိုဟလိုက်ပြီး "မင်းငါ့ကိုနှစ်သိပ်မနေစေချင်ဘူး။ မင်း ဂရုမစိုက်တော့ဘူးလို့ငါ့ကိုမပြောစေချင်ဘူး"
"မင်းရဲ့မျက်ရည်တွေကိုခြောက်သွေ့အောင်နေပါ။ ဒါကနောက်ဆုံးအကြိမ်ပဲ"
သို့သော်လည်းအထီးကျန်ခြင်းခံစားချက်ကို အပြုသဘောဆောင်သောစိတ်ခံစားမှုဖြင့် လျင်မြန်စွာအစားထိုးခဲ့သည်။
"ငါနာကျင်ခဲ့ပေမဲ့၊ အခုတော့သူ့ကြောင့်သက်သာရာရသွားပြီ"
"သူ့ရဲ့ခွန်အားတွေနဲ့ ငါ့ကိုထပ်ပြီးအချစ်ကိုယုံကြည်စေတယ်"
"သူဟာငါ့ရဲ့အတိတ်တွေကိုမေ့ပျောက်စေပြီး ပိုကောင်းတဲ့ငါဖြစ်လာစေတယ်"
သီချင်းသည် ဝမ်းနည်းစရာကောင်းသောလေထုထဲမှလွတ်မြောက်ပြီး လိပ်ပြာအဖြစ်သို့ပြောင်းလဲသွားသည့် လှပသောအသွင်ပြောင်းလဲမှုအကြောင်းဖြစ်သည်။
အဲ့အချိန်မှာပဲ ဖန်းမိုအာသည် ပို၍ပင်တောက်ပနေပြီး လှုပ်ရှားနေပုံရသည်။
သူမသည်ချစ်ခြင်းမေတ္တာရဲ့ဝမ်းနည်းကြေကွဲမှုကိုထုတ်ဖော်မပြတော့ပေ၊ အဲ့ဒီအစားတခြားဦးတည်ချက်မှ အပြုသလောဆောင်သော စွမ်းအင်ကိုဆွဲထုတ်ရန် သတ္တိရှိသည့်ခံစားချက်များကိုတွေ့လိုက်ရသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...