Chapter 52
ရှီမိုက ရပ်လိုက်ကာ "မင်းမပျော်ဘူးလား?"
ဒါကဖန်းမိုအာတစ်လျှောက်လုံးမျှော်လင့်နေတဲ့ဟာမဟုတ်ဘူးလား?
သူ့မိန်းမရဲ့ ဆန္ဒတွေကို သူဖြည့်ဆည်းမပေးလို့ သူမရဲ့ ခံစားချက်တွေကို manga မှာဖော်ပြခဲ့သည်။
မသိစိတ်ထဲတွင် သူမသည် သူတို့နှစ်ယောက်ကြားတွင်ဘာဖြစ်မည်ကိုစောင့်ကြည့်နေခဲ့သည်။
သူအဲ့တာကိုနားလည်သွားသည်နှင့် ရှီမိုသည်အရမ်းပျော်သွားခဲ့သည်။
သူအိပ်ရာကိုစောသွားကာ သူမကိုစောင့်နေခဲ့သည်။ သူတို့တွေချစ်နေကြပြီဖြစ်လို့ ဘာမှစိတ်ပူစရာမလိုတော့ဘူး။
ဖန်းမိုအာက ဗလုံးဗထွေးနဲ့ပြောလိုက်သည် "ကျွန်မပျော်ပါတယ်"
"ဒါဆို ကိုယ်ကိုဆက်လုပ်စေချင်လား?" ရှီမိုရဲ့အနက်ရောင်မျက်လုံးတွေဟာ အပြုံးတွေနဲ့ပြည့်နေပြီဖြစ်သည်။
ဖန်းမိုအာသည်ထိုအမျိုးသားရဲ့ ခန္ဓာကိုယ်ရဲ့ အပူရှိန်ကို သူမရဲ့အရေပြားပေါ်တွင်ရှိနေသည်ကိုခံစားလိုက်ရသည်။
အဲ့တာကသူမကို မသက်မသာဖြစ်စေတယ်။
သူမရဲ့ နှလုံးသားလေးတုန်လှုပ်သွားတော့သည်။
သူမရဲ့ တကိုယ်လုံး ချွေးတွေထွက်နေတယ်။ သူမက အအေးမိနေသလို သူမရဲ့ ဦးဏှောက်ကထိန်းချုပ်မှုလွတ်တော့မလိုဖြစ်နေသည်။
သူမ ဒါကဘာကိုဆိုလိုတယ်ဆိုတာကို သိလေတယ်။
သူမရဲ့နတ်ခမ်းတွေဟာခြောက်ဘာပြီး မျက်လုံးတွေကလည်း အနည်းငယ်မှုန်ဝါးသွားတယ်။ သူမက ရေငတ်နေတဲ့ ငါးတစ်ကောင်လိုဖြစ်နေပြီး သူတစ်ယောက်တည်းကသာသူမကိုကယ်တင်နိုင်သလိုမျိုး အလွန်လိုအပ်နေတယ်။ဖန်းမိုအာဒါကိုနားလည်လိုက်တာနဲ့ သူမရဲ့ မသိစိက်ကနေ သူ့ရဲ့ ကော်လာကိုဆုပ်ကိုင်လိုက်တော့တယ်။
ရှီမို သူမရဲ့တုန့်ပြန်မှုကိုမြင်လိုက်ပြီး သူ့နှုတ်ထောင့်ဟာကွေးတတ်သွားတော့တယ်။
သူမရဲ့ နီရဲရဲ နှုတ်ခမ်းကိုနမ်းဖို့အတွက် အရှေ့ကိုငုံ့နမ်းလိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...