Chapter 4:လမ်းခွဲတာကကြောက်စရာမဟုတ်ဘူး။ ပိုက်ဆံမရှိတာကတော့ ရှက်စရာကြီး။

1.5K 101 2
                                    

Chapter 4: လမ်းခွဲတာကကြောက်စရာမဟုတ်ဘူး။ ပိုက်ဆံမရှိတာကတော့ ရှက်စရာကြီး။

ဖန်းမိုအာသည် လူကြိုက်များသော သီချင်းများစွာကို ရေးသားခဲ့သော်လည်း

မူချန်၏ကုမ္ပဏီအတွက်ဖြစ်သောကြောင့် လစာမရရှိခဲ့ပေ။

ဒါ့ကြောင့်မလို့ ဖန်းမိုအာအတွက် ဒီလိုဈေးကြီးသောအဝတ်များကို မည်သို့ဝယ်နိုင်မည်နည်း?။

ဖန်းမိုအာက သူ မသိအောင် သူမ ပြန်လည်စုဆောင်းထားတဲ့ ငွေတွေဖြစ်နိုင်တယ်?။

အရင်တုန်းက သူသည် ဖန်းမိုအာသူ့အပေါ်အပ်နှံထားသည်ကို ခံစားခဲ့ရသေးသည်။

ဖန်မိုအာ သီချင်းများကို ဆက်လက်ထုတ်လုပ်နေသ၍ သူမကို

သူကောင်းကောင်းဆက်ဆံနိုင်လိမ့်မယ်လို့ သူထင်ခဲ့မိသည်။

အခုမူ ၊ မူချန်သည် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။

ဖန်းမိုအာသည် သူ့ကို ကစားနေတာဖြစ်နိုင်မလား?။
ဘာလို့သူမက သူ့ကို လွယ်လွယ်လေးနဲ့ လမ်းခွဲနိုင်ရတာလဲ?။

ဖန်းမိုအာသည် သူ့ကို ကြည့်တောင်မကြည့်ပေ။

သူမက ပေါ့ပေါပါးပါးပဲ "သေချာတာပေါ့ ငါ နင် နဲ့ လမ်းခွဲနေတာ။ နင်ငါ့ကို မချစ်ခဲ့ဘူးလေ။"

ဖန်းမိုအာ သည် အနည်းငယ်အသည်းကွဲသလိုခံစားခဲ့ရသည်။

သူမအစောပိုင်းက သူမရဲ့ ဘဏ်အကောင့်ကို စစ်ဆေးခဲ့ပြီး

ဒေါ်လာထောင်ဂဏန်းသာရှိတော့သည်ကို သိခဲ့ရသည်။

သူမသည် စာအုပ်ထဲတွင် မူချန်အားသူမ၏ ပိုက်ဆံများကိုလွှဲပြောင်းပေးခဲ့သည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်လာကာ အကုန်ဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။

သို့ပေမဲ့ သူမရဲ့ လက်ထဲမှာblack card ရှိနေတဲ့ အတွက် ပိုက်ဆံအကြောင်းကို

ဂရုစိုက်စရာမလိုတာကတော့ ကောင်းတဲ့ အရာလေးဖြစ်သည်။

ပိုအရေးကြီးတာကတော့ မူချန်သည် သူရရှိထားတဲ့ ပိုက်ဆံတွေကို

ပြန်ပေးမှာမဟုတ်တာကို သူမသိနေသည်။

သူမလုပ်နိုင်သမျှကတော့ ‌ခွေးတွေကို ပစ်ကျွေးခဲ့တယ်လို့

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now