Chapter 6

1.2K 78 1
                                    

ဒါဆိုသူမသည် သူမရဲ့ ယောက်ျားကို လုံးဝသစ္စာရှိနေသင့်တာလား?။

ဖန်းမိုအာသည် သူမရဲ့ ပုံရိပ်ကိုပြောင်းလဲဖို့ အချိန်တန်ပီဟု တွေးနေခဲ့သည်။

ဒါကြောင့်၊ ဖန်းမိုအာ သည် သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။

"တကယ်တော့ မိန်းမတစ်ယောက်လိုချင်တာကရိုးရှင်းပါတယ်။ အဲ့ဒါက ယောက်ျားတစ်ယောက်ရဲ့ အချစ်ပဲ။"

"အဲ့ဒီ စည်းစိမ်ဥစ္စာတွေက အရေးမကြီးပါဘူး၊ အရေးကြီးတာက တစ်စုံတစ်ယောက်ရဲ့ နှလုံးသားပဲ"

ရှီမို "..."

ဖန်းမိုအာသည် တစ်ဖက်လူ၏ တုံ့ပြန်မှုကို ကြည့်လိုက်ပြီး သူမရဲ့ သစ္စာရှိမှုကြောင့် သူစိတ်လှုပ်ရှားသွားမလားဟုတွေးနေမိသည်။

စာအုပ်ထဲက မူရင်းဖန်းမိုအာရဲ့ အကြောင်းကို တွေးလိုက်ရာ သူမပိုလို့ယုံကြည်မှု ရှိလာတယ်။ "တကယ်တော့ ကျွန်မက လူပေလူတကြောင့် စိတ်ထိခိုက်ခဲ့ရတယ်။ သူကို အကုန်လုံးလုပ်ပေးခဲ့ ပေမဲ့ ကျွန်မပြန်ရခဲ့တာက သစ္စဖောက်မှု ပဲ"

ဖန်းမိုအာ၏မျက်လုံးများသည် မှိန်သွားသည်။ "ဒါကြောင့်ရှင့်ကို ကျွန်မလက်ထပ်ခဲ့တာ။ ရှင်ကျွန်မကို ကောင်းကောင်းဆက်ဆံမယ်ဆိုရင် ကျွန်မကလည်း ကောင်းကောင်းဆက်ဆံမှာပဲ"

"ဒီအလွဲသုံးစားလုပ်မှုကို .အဟမ်း၊ ဒီအချစ်ကို ရှင့်ကို ပေးမှာပါ"

သူမအားလုံးကို ပေးချင်တယ်ဆိုရင်တော့ လိုအပ်ချက်တစ်ခုတော့ရှိတယ်။

တဖက်သားကိုလည်းနှလုံးသားတစ်ခုလုံးနဲ့အကြွင်းမဲ့ ဖြစ်သင့်သည်။

ရှီမိုသည်ဖန်းမိုအာကို စိုက်ကြည့်နေသည်။

ဖန်းမိုအာပြောပြီးသည်နှင့် ဝိုင်ကိုသောက်လိုက်သည်။

သူ၏ Adam's apple (လည်စိ) လှုပ်ရှားနေသည်မှာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိသည်။

ရှီမိုသည် "ဒီလိုဆိုရင် အခုကစပီး မင်းကငါ့မိန်းမပဲ "

ဖန်းမိုအာသည် သူမခေါင်းကို မော့လိုက်သည်။

"ကျွန်မတို့ နှစ်ယောက်လုံးက ဝမ်းနည်းစရာကောင်းတဲ့သူတွေပဲ.၊ အခုကစပြီး ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနေရအောင်။"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now