Chapter 46: လူသစ်အဖြစ်နောက်တစ်ကြိမ်
ဒီဇင်ဘာလသည်New Talent Rankings အတွက်ဖြစ်သည်။
ယခုလအတွင်းမှာသီချင်းတစ်ပုဒ်ထွက်ဖူးသည့် မည်သည့်လူသစ်မဆို New Talent Rankings တွင်ပါဝင်ရန် လျှောက်ထားနိုင်သည်။
အဆင့်သတ်မှတ်ချက်သည် သီချင်းထုတ်လွှင့်မှု အကြိမ်ရေပေါ်မူတည်၍ တွက်ချက်ခြင်းဖြစ်သည်။
အဆင့်တွက်ချက်ပြီးသည်နှင့် ဆုယူရန် ထိပ်ဆုံးသုံးယောက်ကို ဆုပေးပွဲသို့ဖိတ်ကြားမည်ဖြစ်သည်။
New Talent Ranking သည်အလွန်အရေးကြီးရသည့်အကြောင်းအရင်းမှာ King of song နှင့် Queen of song အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွင်အဆုံးအဖြတ်ပေးမည်ဖြစ်သောကြောင့်ဖြစ်တာကြောင့် ကြုံတောင်ကြုံခဲဖြစ်ရပ်တစ်ခုဖြစ်လိမ့်မည်။
လူသစ်များအတွက် မျက်နှာချပြရန်အကောင်းဆုံးအချိန်ဖြစ်သည်။
သီချင်းအသစ်ထွက်မည့်နေ့လည်ခင်းတွင်တော့ စိတ်လှုပ်ရှားဆုံးသူမှာ ရှားကျီဖြစ်ပြီး ဖန်းမိုအာကိုနှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။
"ဆရာမဖန်း၊ သီချင်းဆိုဖို့ကျွန်မကိုရွေးပေးလို့ကျေးဇူးတင်ပါတယ်။ ရလဒ်ကဘာပဲဖြစ်ဖြစ် ဆရာမကကျွန်မအတွက်အမြဲတမ်းအရေးအကြီးဆုံးသူပါပဲ"
ပြောပြီးတာနဲ့ ရှားကျီသည်ဖန်းမိုအာကိုလေးလေးနက်နက်ပဲဦးညွှတ်လိုက်သည်။
သူမရဲ့အလေးအနက်ထားသည့်ပုံစံသည်ဖန်းမိုအာကိုရယ်စေခဲ့သည်။
အဲ့အချိန်မှာပဲ ပိုင်ရုန်ကဖြတ်သွားရင်း နှာရှုံ့လိုက်ပြီး "နင့်ရဲ့သီချင်းက အနိုင်ရလိမ့်မယ်လို့တကယ်ကြီး ထင်နေတာလား? စဉ်းတောင်မစဉ်းစားနဲ့ ၊ ဒီအချိန်မှာတော့ ငါကသေချာပေါက် အနိုင်ရမယ့်သူကငါပဲ"
သူမပြောလိုက်သည်နှင့် ဖန်းမိုအာနှင့် ရှားကျီ နှစ်ယောက်လုံးသည်အနည်းငယ်စိတ်ရှုပ်သွားတော့သည်။
ရှားကျီကစိတ်ရှုပ်ရှုပ်နဲ့ပဲမေးလိုက်တော့သည် "မစ္စပိုင် ရှင်တစ်ခုခုတော့မှားနေပြီထင်တယ်။ ကျွန်မတို့က New Talent Ranking အကြောင်းပြောနေတာပါ။ ဒါကလူသစ်တွေအတွက် ပြိုင်ပွဲလေ"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...