Chapter 48:
လုပ်ဖော်ကိုင်ဖက် 1- "ချီးပဲ နောက်ဆုံးအချိန်ကျမှVeiled Queen က ဘာလို့နိုင်သွားတာလဲ။?"
လုပ်ဖော်ကိုင်ဖက် 2 - "Star Dream Era လို ကုမ္ပဏီကြီးကိုရှုံရတာ လန့်စရာတော့မဟုတ်ဘူးပဲ"
လုပ်ဖော်ကိုင်ဖက် 3- "ဒါဆို ဖန်းလေးရဲ့သီချင်းက တတိယနေရာရောက်သွားတာပေါ့။ ဒါပေမဲ့ နားလည်နိုင်ပါတယ်။ ရှေ့ကနှစ်ယောက်ကအရမ်းကောင်းလွန်းတယ်"
ဖန်းမိုအာသည်ခေါင်းရမ်းလိုက်ကာ ဆက်လျှောက်သွားလိုက်သည် "ငါ့သီချင်းကတတိယနေရာဆိုတာ ဘာဆိုလိုတာလဲ? သေချာကြည့်လိုက်ပါဦး ပထမနေရာကသီချင်းရေးတဲ့သူကလည်းငါပဲလေ"
ဖန်းမိုအာသည် ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးကိုပြလိုက်သည် ။ သီချင်းရေးဆရာနေရာမှာ သူမနာမည်ပါနေတာမလား?
"အာ"
စကားပြောသံများပြည့်နှက်နေသောသီချင်းရေးဌာနသည်ချက်ချင်းပင်တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် တစ်ယောက်မှတုံ့ပြန်လာသည်။ "ဖာခ် ၊ ဖန်းလေးကအရမ်းမိုက်တယ်။ သူမကထိပ်ဆုံးသုံးနေရာထဲက နှစ်နေရာကိုသူ့ဘာသူရယူခဲ့တယ်"
ဌာနမှူးချီးသည်ရယ်ရမလိုငိုရမလိုဖြစ်နေသည်။
သူတို့ကုမ္ပဏီမှအဆိုတော်နှစ်ယောက်သည်အဆင့်ကျသွားသော်လည်း နံပါတ်တစ်သီချင်းရေးဆရာသည်တော့ သူတို့ကုမ္ပဏီမှဖြစ်သည်။
ဒါကဘာလဲ? တိုက်ပွဲကြီးတစ်ခုလား?
သို့သော် ယေဘူယျအားဖြင့် ကုမ္ပဏီသည်ပိုင်ရုန်ကိုပံ့ပိုးပေးထားတာကြောင့် ဤကိစ္စကိုဆုံးရှုံးမှုလို့ပြောလို့ရသည်။
ထင်ထားသလိုပဲ မူချန်သည်မှုန်မှိုင်းနေသောမျက်နှာဖြင့် သီချင်းရေးဌာနကိုရောက်လာပြီး သူ့ဒေါသကိုပုံချရန်လုပ်တော့သည်။ " မင်းတို့အကုန်လုံး ဘာဖြစ်နေကြတာလဲ? မင်းတို့ကို အနိုင်ရဖို့အတွက်ကြိုးစားဖို့ပြောခဲ့ပေမဲ့ ခုတော့ ထိပ်ဆုံးသုံးယောက်ထဲမှာပဲဖြစ်နေတာလဲ?"
"ဖန်းမိုအာ မင်းခုတလောအပျင်းထူနေတာမလား?" မူချန်ကဖန်းမိုအာကိုကြည့်လိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...