Chapter 16: အကြံဉာဏ်တွေရှာဖွေနေသည်
ဖန်းမိုအာက "ကျွန်မသီချင်းအသစ်အတွက်အကြံဉာဏ်အသစ်တွေရှာနေတာလေ!"
လေ့လာချိန်တစ်လတောင်ရှိသေးတယ်။
ကြောက်နေစရာအကြောင်းမရှိဘူးလေ။ အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ကိုယ်ပိုင်အလုပ်တွေကို အာရုံစိုက်လုပ်နေကြသည်။
ဖန်းမိုအာသည်သင်ယူခြင်းကိုပိုပိုပြီးတော့စိတ်ပါဝင်စားလာတော့တယ်။
မူလခန္တာကိုယ်ပိုင်ရှင်ရဲ့ အခြေခံများကြောင့် သင်ခန်းစာကိုတစ်ကြိမ်နားထောင်ရုံဖြင့်မြန်မြန်ဆန်ဆန်သင်ယူနိုင်သည်ကိုတွေ့လိုက်ရ၏။
တစ်ဝက်နှင့်ပင်သူမသည်သင်ခန်းစာရဲ့နောက်တစ်ပိုင်းကိုကျော်ဖို့ရာဆုံးဖြတ်လိုက်ပြီး သူမသည်ရိုးရှင်းသော သင်ခန်းစာများကိုမြန်မြန်ဆန်ဆန်ပဲကျော်ဖြတ်နိုင်ခဲ့သည်။
အဲ့နောက်မှာတော့ ဖန်းမိုအာသည်တခြားသင်ခန်းစာများရှာဖွေရန်သင်လက်စအတန်းမှထွက်လိုက်လေသည်။
သူမသည်စနစ်မှအကြံပြုထားသည့်တိုက်ရိုက်ထုတ်လွင့်မှုတစ်ခုကိုအကြည့်ရောက်သွားခဲ့သည်။
အဲ့ဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ "အဆင့်မြင့်တေးသီချင်းထုတ်လုပ်သူ တိုက်ရိုက်သင်ကြားရေးအတန်း!"
အခြေခံသင်ခန်းစာများသည် အခြေခံအရာများကိုသင်ယူရန်သာဖြစ်ပြီး အဆင့်မြင့်သင်တန်းများသည်စိတ်ကူးများကိုသင်ယူနိုင်ရန်ဖြစ်သည်။
ဖန်းမိုအာသည် ထိုကဲ့သို့အဆင့်မြင့်သင်ခန်းစာများကိုနားလည်နိုင်သည်ဟုတွေးတောသည်အထိမာနကြီးသည်လေ။
ဒါကြောင့်သူမနှိပ်၍ဝင်လိုက်သည်နှင့် လူတိုင်းသည်သူတို့၏ ကီးဘုတ်များကိုရိုက်နှိပ်ကြတော့သည်။
"ဆရာပိုင်ကိုဒီမှာတွေ့ရတာမယုံနိုင်စရာပဲ!
"ငါမြင်နေတာဟုတ်ကောဟုတ်လို့လား? ငါဗဟုသုတတွေအများကြီးရမယ်ဆိုတာသေချာတယ်"
ဖန်းမိုအာသည် 'အဲ့လူကထူးချွန်တဲ့ ဆရာဖြစ်မယ်ထင်တယ်"ဟုတွေးလိုက်လေသည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...