"ဒါဆိုမင်း ရှီမိသားစုရဲ့လွှမ်းမိုးနိုင်စွမ်းကို နားမလည်သေးဘူးလား။ အရင်နှစ်တွေတုန်းက ရှီမိသားစုက နိုင်ငံရဲ့အကြီးဆုံး ဗီဒီယို ဝက်ဘ်ဆိုဒ် နဲ့ အကြီးဆုံး အွန်လိုင်းဈေးရောင်း တဲ့ဝက်ဘ်ဆိုဒ်တွေမှာ ရှယ်ယာဝင်ထားတာလေ။ အဲ့တာက Entertainment ကုမ္ပဏီတင်မဟုတ်ဘူး။ ကြော်ငြာထုတ်လွှင့်ချင်တဲ့သူတွေက ရှီမိသားစုကို ရှောင်လွဲလို့မရဘူး။ အဲ့တော့ ကိုယ့်မှာပြောပိုင်ခွင့် ရှိတယ်လို့ မင်းထင်လား?"
ဖန်းမိုအာ ရပ်တန့်သွားတော့တယ် "ဟုတ်ပြီလေ ၊ နောင်ဆိုရင် ဘရန်းကြော်ငြာရိုက်ချင်ရင် ရှင့်ကိုပဲရှာတော့မယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မမှာ ယုံကြည်ချက်အပြည့်ရှိတယ်"
ရှီမိုကပြုံးလိုက်ပြီး "တိုက်ဆိုင်တာက ကိုယ်လဲမနက်ဖြန်အလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိနေတာပဲ။ ကိုယ်မင်းကို လူရွေးပွဲကိုလိုက်ပို့ပေးမယ်"
ဖန်းမိုအာ အိပ်ယာပေါ်မှထခုန်လုနီးပါးဖြစ်သွားတော့သည် "ရှင်ဘယ်အချိန်လာမှာလဲ?"
ည 12နာရီ ရှီမိုကနာရီကိုကြည့်ကာပြောလိုက်သည်။
"ကိုယ်မင်းကိုလာကြိုမယ်"
ဖန်းမိုအာရုတ်တရက် စိတ်လှုပ်ရှားလာတော့တယ်။ သူမ ရိုက်ကူးရေးအဖွဲ့နဲ့ ရှန့်ဟိုင်းကိုသွားကတည်းက သူမသည် နေ့တိုင်းပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်နေရသည်။ ရှီမိုသည် သူအားလပ်ချိန်တိုင်းလာတွေ့ရန်မှာ မလွယ်ကူပေ။
ည 12 နာရီလေယာဉ်ကွင်းတွင် လူများစွာမရှိပေ။
ပိုင်ရုန်ကို မူချန်က လေဆိပ်လိုက်ပို့ပေးခဲ့သည်။
မူချန်သည် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင် မူမိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နေခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ ရခဲ့သည်။ ယခုတွင် သူသည် မြို့တော်ကိုပြန်ကာ ပိုင်ရုန်ကိုပိုပြီးကောင်းကောင်း ပရိုမိုးရှင်းဆင်းရန် ပြန်ရမည်ဖြစ်သည်။
"အကိုမူချန်၊ စိတ်မပူပါနဲ့။ ကျွန်မဒီကြော်ငြာကိုရမယ်လို့ ယုံကြည်ချက်ရှိပါတယ်။ "ပိုင်ရုန်ကသူ့ကို ချော့မော့ပြောလိုက်သည်။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...