Chapter 55: ပြန်ပေးဆပ်ရမဲ့ အချိန်ပဲ

852 49 2
                                    



Chapter 55: ပြန်ပေးဆပ်ရမဲ့ အချိန်ပဲ

ဒီလိုရက်စက်လွန်းတဲ့ စာချုပ်ကိုဘယ်သူကများရေးခဲ့တာလဲ? ဒါက လုံးဝကို လန့်စရာကောင်းလွန်းတယ်။

သီချင်းရေးဆရာတစ်ယောက်သည် လျှော်ကြေးယွမ်သန်း100 ပေးရလိမ့်မည်လို့ မည်သူမျှမထင်ထားခဲ့ပေ။

ဆုံးရှုံးမှုနှင့် လျှော်ကြေးသည် သဟဇာတမဖြစ်လွန်းပေ။

စာချုပ်အကြောင်းဟာဆိုရင် ရေပန်းစားလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

အင်တာနက်သုံးစွဲသူတွေဟာ ဖန်းမိုအာရဲ့ စာချုပ်ချိုးဖောက်မှုကို မဟုတ်ဘဲ စာချုပ်ပါအချက်အလက်များကိုသာ အာရုံစိုက်နေလိမ့်မယ်လို့ ဘယ်သူထင်လိမ့်မလဲ။

မူချန်ရဲ့ ကုမ္ပဏီသည် တရားရုံးသို့ တရားစွဲဆိုရုံသာရှိသေးသော်လည်း အင်တာနက်တွင်တော့ ဆွေးနွေးမှုများမျာကျယ်ပြန့်နေပြီး ကုမ္ပဏီရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

"ဥက္ကဌမူ ၊ မကောင်းတော့ဘူး။ ကျွန်တော်တို့ကုမ္ပဏီက ဝန်ထမ်းကို မတရားဆက်ဆံတာကြောင့် မသမာတဲ့ကုမ္ပဏီဆိုပြီး အင်တာနက်အသုံးပြုသူတွေကပြောနေကြပြီ။ "

" ဖန်းမိုအာက ကုမ္ပဏီအတွက် လုပ်ပေးခဲ့တာတွေကိုတူးဖော်နေကြတဲ့ လူတွေတောင်ရှိသေးတယ်။ လူအများးကြီး ဖန်းမိုအာဘက်မှာ ရပ်တည်နေကြတယ်"

မူချန်ယွမ်သန်း 100ကို စောင့်နေတုန်းမှာပဲ ဒီသတင်းကအစားရောက်လာတော့တယ်။

ရုတ်တရက်ဆိုသလိုပဲ လုံးဝကြောင်အသွားတော့တယ်။ သူကအမြန်ပဲ "စီမံအဖွဲ့က ဒီကိစ္စအတွက်ဘာလုပ်နေလဲ?"

"ဒီအကြောင်းက လူပြောအရမ်းများနေတယ်။ စီမံအဖွဲ့လည်း ဖျက်ဖို့လုပ်ပေနဲ့ သူတို့လုပ်လို့မရဘူး"

"ကုမ္ပဏီရဲ့ စတော့တွေထိုးနေပြီ"

ဘယ်သူမှာဒီကိစ္စဒီလောက်အထိဆိုးသွားလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပါဘူး ။ တစ်ယောက်ယောက်က တမင်သက်သက် မီးစာထည့်ပေးနေသလိုပင် အင်တာနက်အသုံးပြုတွေသည်ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now