Chapter 66 : ကိုယ်ဝန်ရှိနေပြီ

1.2K 45 6
                                    

ဖန်းမိုအာဘေးတွင်ရှိနေတဲ့ ဖန်းဟန်သည် ဒီရုပ်ရှင်၏ရင်းနှီးမြုပ်နှံသူဖြစ်သည်။

ဖန်းဟန်ဟာဖန်းမိုအာရဲ့ သွေးတဝက်နှောညီမဖြစ်ပုံပေါ်သည်ကို   မူချန်အမြန်ပဲနားလည်လိုက်သည်။

'အိုး၊ ဆိုတော့ သူမကအမျိုးသမီးဇာတ်လိုက်နေရာကိုရဖို့ အိမ်ကိုပြန်ပြီးအကူအညီတောင်းခဲ့တာပေါ့။'

'ဒါရိုက်တာက ဖန်းမိုအာရဲ့သရုပ်‌ဆောင်စကေးကိုနားမလည်ဘူးလား? သီချင်းရေးတတ်တာအပြင် သူမမှာတခြားဘာအရည်အချင်းမှမရှိဘူးလေ။'

"ဒါရိုက်တာဝမ် ကျွန်တော်တို့ရဲ့ ရုန်လေးကအနာဂတ်မှာ ဒါရိုက်တာဆီကလမ်းညွှန်မှုတွေလိုပါလိမ့်မယ် "မူချန်က ဒါရိုက်တာဝမ်ကိုပြောလိုက်သည်။

ဒါရိုက်တာဝမ်ကအမြန်ပဲ "မစ္စပိုင်ကဒီဇာတ်ကောင်နဲ့ အရမ်းလိုက်ဖက်ပါတယ်။ အချိန်ကျလာရင်တော့ သူမကတကယ်ကိုထူးချွန်လာမှာပါ"

သူမအပြစ်ကင်းတဲ့မျက်နှာတပ်ထားလျှင် လူတိုင်းကိုအရူးလုပ်လို့ရနိင်သည်။ သို့သော် သူမရဲ့အန္တရာယ်ရှိတဲ့ ပုံစံကိုပြလိုက်ပါက လူတိုင်းကို ရှော့ရသွားစေလိမ့်မည်။

ဗိလိန်ဇာတ်ရုပ်ကိုသရုပ်ဆောင်မဲ့ မည်သူမဆိုကောင်းမွန်စွာသရုပ်ဆောင်နိုင်ရန်လိုအပ်သည်။ သို့သော် အမျိုးသမီးဇာတ်လိုက်ထက်နာမည်ကြီးရန်အာမခံမရှိပေ။

ပိုင်ရုန်သည်အနည်းငယ်မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။

သူမသည်ကတ္ကသိုလ်တွင် သရုပ်ဆောင်ပညာကိုအလေးအနက်လေ့လာခဲ့ရသော်လည်း ဖန်းမိုအာလို လူသစ်တစ်ယောက်ဆီကနေ သူမရဲ့ ဇာတ်ကောင်ကိုလုယူခံရလိုက်သေးသည်။

ဒါသာထုတ်ပြခံလိုက်ရရင် အရှက်ရလိမ့်ဦးမည်ဖြစ်သည်၊

သို့ပေမဲ့ ဖန်းမိုအာတွင်တော့ထောက်ပံ့ပေးမည့် ဖန်းဟန်ရှိသည်။ သူမလို့သရုပ်ဆောင်အငယ်လေးက ဘာလုပ်နိုင်လိမ့်မလဲ?

ညစာစားပြီးနောက် တွင်

ဖန်းမိုအာသည် ဒါရိုက်တာဝမ်နဲ့ လက်မှတ်ထိုးပြီးတာနှင့် သူမရမဲ့ ငွေတစ်ချို့ကိုချက်ချင်းပင် သူမဆီကိုလွှဲပေးလာသည်။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now