Chapter 22: လျို့ဝှက်ထားစေချင်တာလား?
အရင်တုန်းကတော့ မူရင်းဖန်းမိုအာကမူချန်အပေါ်သူမရဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြဖို့ အချစ်သီချင်းတွေအမြဲရေးပေးနေတာကြောင့် အင်တာနက်ပေါ်ကလူတော်တော်များများက မနာလိုဖြစ်ခဲ့ရသည်။
သီချင်းတိုင်းကလည်းရှာဖွေမှုထိပ်တန်းအဆင့်တစ်ဆယ်အတွင်းတွင်ပါဝင်ပြီး အလွန်လူသိများသည်။
လူအများသည် ဖန်းမိုအာ၏မူရင်းဇာတ်ကောင်းက အလွန်ကပ်တွယ်လွန်းပြီးအချစ်အတွက် ရန်လိုလွန်းသည်ဟုခံစားရသောကြောင့် သူမကိုမကြိုက်ကြပေ။
သို့သော်လည်း လူအများအပြားသည် မူရင်းဇာတ်ကောင်၏ချစ်ခြင်းမေတ္တာအတွက်စွန့်လွှတ်အနစ်နာခံခြင်းအတွက် ချီးကျူးခဲ့ကြသည်။
ယခုတွင် ဖန်းမိုအာသည် ရှီမိုအတွက်အချစ်သီချင်းရေးပေးခဲ့သည်။
ဤသီချင်းသည်လူကြိုက်အများဆုံးရှာဖွေမှုစာရင်းတွင်ပထမအဆင့်တွင်ရှိသင့်သည်။ ရှီမိုသည် ဒီသီချင်းကိုပရိုမိုးရှင်းကောင်းကောင်းလုပ်ရန်တွေးနေသည်။
ဖန်းမိုအာက " ရှင့်အတွက်ရေးထားတယ်ဆိုတာဘယ်လိုသိတာလဲ?"
ရှီမိုက သူမသည် သူ့အတွက်ရေးထားခြင်းဖြစ်သည်ကိုဝန်ခံထားတာကြောင့် အရမ်းသက်သောင့်သက်သာဖြစ်နေသည်။
သူသည်ခေါင်းငုံ့လိုက်ကာ သူ့လက်မောင်းထဲတွင်ရှိနေသည့်သူမကိုကြည့်လိုက်သည်။ သူမရဲ့ရနံ့သင်းသင်းလေးကိုရှူလိုက်ပြီး နူးညံ့စွာပြောလိုက်တယ် " မင်းသီချင်းဆိုဖို့စိတ်ဝင်စားလား? ကိုယ့်ကုမ္ပဏီရဲ့အဆိုတော်ဖြစ်ဖို့ကိုဘယ်လိုစဉ်းစားလဲ? မင်းကိုယ်နဲ့ စာချုပ်မှာလက်မှတ်ထိုးလိုက်ရင် တစ်နှစ်ကိုဆယ်သန်း ဝင်ငွေရလိမ့်မယ်"
ဖန်းမိုအာသည် ချက်ချင်းပင်သွေးဆောင်ခံလိုက်ရသည်။ သူမကိုကမ်းလှမ်းလာတဲ့ပိုက်ဆံကိုမယူဘဲနေရင်ရူးနေလို့ပဲ။ သို့သော်သူမသည်သတိထားနေရဆဲဖြစ်သည်။ "တကယ်လို့ဒါကကျွန်မတို့ရဲ့ ပုဂ္ဂိုလ်ရေးဆက်နွယ်မှုကြောင့်ဆိုရင်တော့ ရှင်ကျွန်မအတွက်အနောက်တံခါးကိုဖွင့်ပေးလို့ရတယ်။ ဒါပေမဲ့ကျွန်မကအဲ့တာကိုဝါသနာတစ်ခုအနေနဲ့မလုပ်ဖြစ်လောက်ဘူး"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...