ရှီမိုသည် ရှန်းယွမ်အိမ်တော်က စာကြည့်ခန်းထဲတွင် ရှိနေခဲ့ပြီး အိမ်နေရင်းဝတ်စုံကို ဝတ်ထားကာ သူ့အနောက်ဘက်တွင် စာအုပ်စင်ရှိနေသည်။
အလင်းရောင်အောက်တွင် သူရဲ့မျက်နှာတစ်ခုလုံးကို တောက်ပေနေစေပြီး မြင့်မြတ်တဲ့ရောင်ခြည်များနှင့်ပင် တူသေးသည်။
ရှီမိုကသူမကိုစိုက်ကြည့်လိုက်ပြီး သူမအဆင်ပြေသည်ကိုကြားမှသာ စိတ်သက်သာရရသွားလေသည်။
အဲ့ကျမှသာ ကိုယ်ကြားထားတာ "ဒီနေ့ရိုက်ကွင်းမှာ ကျားတစ်ကောင်ပါ ရှိနေတယ်ဆို"
"ဟုတ်တယ်၊ တစ်စုံတစ်ယောက်ကတော့ ကျားအလိုက်ခံရပြီး ဖြူဖျော့သွားတယ်လေ" ဖန်းမိုအာကပြုံးလိုက်တယ်။
ရှီမိုရဲ့အမူအရာကပြောင်းသွားပြီး "မင်းကကော?"
ဖန်းမိုအာက ခဏလောက်အံ့အားသင့်သွားပြီး "ကျွန်မက မကြောက်ပါဘူး။ ဒီနေ့ကျားနဲ့ နှစ်ခါတောင်ရိုက်ထားတာ ပြီးတော့ နှစ်ကြိမ်လုံးအေးဆေးပဲ"
"ကျားနဲ့အခန်းတွေကိုဖျက်လိုက်ဖို့ ထုတ်လုပ်ရေးအဖွဲ့ကို ကိုယ်ပြောလိုက်မယ် ၊ အဲ့တာအန္တရာယ်အရမ်းများလွန်းတယ်"
"အဲ့တာက အထောက်အကူမဖြစ်ဘူး။ ကျွန်မရဲ့ကျားနဲ့အခန်းကရိုက်ပြီးသွားပြီ။ မနက်ဖြန် ပိုင်ရုန် သရုပ်ဆောင်ရမဲ့အခန်းကိုကြည့်ရုံပဲ။ ကျွန်မကအဲ့တာကိုစောင့်နေတာ" သူမ မြန်မြန်ပဲ သူ့ကိုတားလိုက်တော့သည်။
ရှီမိုကစိတ်သက်သာရာရသွားပြီး "အဲ့လို အန္တရာယ်များတာမျိုး နောက်တစ်ခါမလုပ်နဲ့တော့နော်"
ဖန်းမိုအာက စိတ်မသက်မသာခံစားလိုက်ရသည်။ သူမ ရှီမိုကို ပြန်ပြင်ထားတဲ့ ဇာတ်ညွှန်းကို မပြရဲပေ။ အန္တရာယ်ရှိတဲ့အခန်းတွေအများကြီးရှိနေသေးသည်။
သစ်ပင်ပေါ်တတ်တာ၊ မြင်းပေါ်ကပြုတ်ကျတာ၊ ပြီးတော့ ခေါင်မိုးပေါ်တတ်တာတွေ။ ဒါကဒီအတိုင်း လူငယ်ရုပ်ရှင်ဟုတ်မနေဘူး။ အဲ့တာကလုံးဝကြီး အက်ရှင်ဇာတ်ကားကြီးဖြစ်နေပြီ။
သို့သော် ဖန်းမိုအာသည် ရှီမိုသူမကိုဒီဇာတ်ကားဆက်ရိုက်ကူးခွင့်မပေးမည်ဆိုးတာကြောင့် ဘာမှမပြောရဲပေ။
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...