Chapter 63 : အထူးအခွင့်အရေးရမည်မဟုတ်တော့

774 47 2
                                    

လူတိုင်းဖန်းမိုအာကိုလှည့်ကြည်လာကြသည်။

"ကျွန်မထင်တာတော့ ပိုင်ရုန်ကအခုအထိအမျိုးသမီးဇာတ်လိုက်အဖြစ်အရွေးမခံရသေးဘူး၊။ သူမလူရွေးပွဲမှာပါရုံနဲ့ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေကိုသုံးဖို့က စောလွန်းတယ်။ သူမ အမျိုးသမီးဇာတ်လိုက်ဖြစ်သွားတာကိုစောင့်ပြီးတော့မှဆုံးဖြတ်သင့်တယ်။ "

"ဘာပဲဖြစ်ဖြစ် ပိုင်ရုန်က ကုမ္ပဏီရဲ့ ငွေအမြောက်အများကိုဆုံးရှုံးစေပြီးပြီ။ လက်တလောမှာ သူမရဲ့သီချင်း ဇယားထဲဝင်နိုင်ဖို့အတွက်ပဲ ငွေတွေအများကြီးသုံးထားပြီးနေပြီ။ ဥက္ကဌမူ၊ ငါတို့ဒီပိုက်ဆံတွေကိုဘယ်တော့ ပြန်ရနိုင်လောက်လဲ?"

ဖန်းမိုအာသည် ရှယ်ယာရှင်တွေရဲ့ အနာပေါ်ကိုတည့်တည့်ရိုက်ထချလိုက်တော့သည်။ သူတို့တွေဟာ မူချန်သူ့ရဲ့ ကောင်မလေးကိုထောက်ပံ့နေတာကို ထောက်ခံဖို့ရောက်လာကြတာမဟုတ်ပေ။

သူတို့ရဲ့ အဓိကသည်အကျိုးအမြတ်ရပြီး ငွေရဖို့သာဖြစ်သည်။

ပိုင်ရုန်သည်အင်တာနက်ပေါ်တွင် အပိတ်ခံထားရပြီး မူချန်သည် သူမနောက်ထပ်ပွဲဦးထွက်နိုင်ရန် ပြင်းပြင်းထန်ထန်ထောက်ပံ့ပေးနေခဲ့သည်။ ငွေအမြောက်အများကို ကြော်ကြားမှုအတွက်အသုံးပြုခဲ့သည်။

"ဖန်းမိုအာ၊ ဒါကကုမ္ပဏီရဲ့ ဗျူဟာနော်။ မင်းအကျိုးအမြတ်တွေမရိတ်သိမ်းနိုင်ခင်မှာ ရေရှည်ကိုကြည့်ရသေးတယ်။ မင်းဒါတွေနားမလည်ပါဘူး"

မူချန်ဟာ ဖန်းမိုအာကိုတည့်တည့်ကြည့်နေပြီး သူ့အသံတွင်သတိပေးမှုများပါဝင်နေသည်၊

သို့သော် ရှယ်ယာရှင်တွေဟာ ယိမ်းယိုင်သွားပြီး " ငါထင်တာလည်း ငါတို့ သူမ Love Mistမှာ အရွေးခံရတဲ့အထိစောင့်သင့်တယ်။ ငါတို့ကုမ္ပဏီရဲ့ အနုပညာရှင်က သူမတစ်ယောက်တည်းမဟုတ်ဘူးလေ။ အရင်းအမြစ်တွေကိုလူတစ်ယောက်တည်းကိုပဲပေးနေဖို့ မလိုအပ်ဘူး"

" အဲ့တာမှန်တယ်။ ငါတို့ကို ကုမ္ပဏီကထောက်ပံ့တာလိုချင်ရင် ငါတို့ရဲ့ အင်အားကိုချပြရမယ်"

မူချန်ကအကြီးဆုံးရှယ်ယာရှင်ဆိုပေမဲ့ တခြားရှယ်ယာရှင်တွေအားလုံးပေါင်းပြီး ငြင်းဆန်နေမယ်ဆိုရင် မူချန်တစ်ယောက်တည်းလူအများကြီးကို ရင်မဆိုင်နိုင်ပေ။

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now