Chapter 29: သူ့ကိုချစ်မိသွားပြီ
ရှီမိုသည် သူ့ခန္ဓာကိုယ်ထဲတွင်တုန်လှုပ်ချောက်ခြားမှုများကိုခံစားလိုက်ရသည်။ အပြင်တွင်ရှိနေသော သူကိုရိုက်နှက်ချင်တာကလွဲပြီးဘာမှမလုပ်ချင်။
သို့သော် ထိုခံစားချက်ကို သူ၏ကောင်းမွန်လွန်းသောထိန်းချုပ်မှုဖြင့်ဖုံးကွယ်ထားသည်။၊
"အိုး" ရှီမိုသည် သူ့လက်ကိုဖြည်လိုက်ပြီး အောက်ကိုကြည့်လိုက်သည်။ ဝိုင်ခွက်ကိုယူလိုက်ကာ တစ်ကျိုက်သောက်လိုက်သည်။ ဝိုင်ပြင်းသည်လည်ချောင်းထဲသို့ဆင်းလာသဖြင့် ပူလောင်မှုကိုခံစားလိုက်ရသည်။ " ကြည့်ရတာ မင်းသူ့ကိုချစ်မိသွားပြီပဲ။ မင်းသူ့ကိုတော်တော်ရူးလောက်လောက်အောင်ကြိုက်နေတာပဲ"ဖန်းမိုအာသည် သူမ၏အတိတ်ကိုသတိရသွားပြီး ရှီမို၏အမူအရာကင်းမဲ့နေသောမျက်နှာကိုကြည့်လိုက်သည်။
အဲ့နောက်ပြုံးလိုက်ကာ "ဒါပေမဲ့ အဲ့ဒါတွေက အတိတ်တွေပါပဲ ။ ကျွန်မအခုအဲ့လောက်မမိုက်မဲတော့ဘူး။ အရင်တုန်းကတော့မူချန်ကကျွန်မကိုသိက္ခာကျအောင်လုပ်ခဲ့တယ်။ အခုတော့ အဲ့အတိုင်းသူကိုပြန်ခံစားရအောင်လုပ်မှာ"
မူချန်သည် သူမ၏မူရင်းဇာတ်ကောင်နောက်ကွယ်တွင် ပိုင်ရုန်နှင့်အတူရှိနေကြသည်။
သူတို့နှစ်ယောက်သည် မကြာခဏအကြည့်ချင်းဖလှယ်နေကြကာ မူလဇာတ်ကောင်မသိအောင်ပင် လျှိ့ဝှက်ချိန်းတွေ့ခဲ့ကြသည်။
ဖန်းမိုအာသည် စာအုပ်ထဲတွင်အကုန်လုံးကိုမြင်ဖူးပြီးသားဖြစ်သည်။
နောက်ဆုံးမှာတော့ မူချန်သည်မူရင်းဇာတ်ကောင်ကိုမညှာမတာထောင်ထဲပို့လိုက်သည်၊ သူသည်တော့ ဖြောင့်မတ်သောပုံရိပ်ကိုထိန်းသိမ်းကာ အဆင့်အတန်းမြင့်မြင့်နေနေခဲ့သည်။
ထိုအရာသည် ဖန်းမိုအာကိုစာအုပ်ပါအမျိုးသားဇာတ်ဆောင်အားအလွန်စက်ဆုပ်စေခြင်းဖြစ်သည်။
ရှီမို၏နက်မှောင်နေသောမျက်လုံးများသည်ခဏတာမှိန်သွားသည်။
အချစ်သည်အမုန်းကဲ့သို့ နက်ရှိုင်းလွန်းသည်။
ရှီမိုသည် သူမကိုကြည့်လိုက်ကာ "မင်းဘယ်လိုပြန်လုပ်ချင်လဲ?"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...