Chapter 28: စိတ်ဝင်စားစရာကောင်းတာတစ်ခုခုတော့ဖြစ်နေပြီ

1K 64 4
                                    

Chapter 28: စိတ်ဝင်စားစရာကောင်းတာတစ်ခုခုတော့ဖြစ်နေပြီ

မူချန်သည် ကြောင်နေပြီး အံအားသင့်သွားလေတယ်။

ဖန်းမိုအာကသူ့နောက်လိုက်လာတာမဟုတ်ဘူးလား? အဲ့အချိန်မှာပဲ ဖန်းမိုအာသည် နောက်လှည့်လိုက်ကာမူချန်ဆီကိုတည့်တည့်လျှောက်သွားလိုက်သည်။

Mu Chen သည် စိတ်ထဲတွင် ရယ်လိုက်သည်။ သူမသည် သူ့ကို ငြင်းချင်ယောင်ဆောင်ဖို့ ထိုလှည့်ကွက်ကို အသုံးပြုခဲ့တာဖြစ်ရမည်။ ထို့ကြောင့် မုချန်း၏အမူအရာသည် အေးစက်ပြီး မာနကြီးသောပုံစံပြန်ဖြစ်သွားသည်။ သူစိမ်းတွေ သူ့အနားမကပ်နိုင်အောင် ဟန့်တားတဲ့ ရောင်ဝါတစ်ခု ပေးခဲ့တယ်။ သူက ထိုနေရာတွင်သာမတ်တပ်ရပ်နေရင် သူမကိုအေးစက်စွာကြိမ်းမောင်းရန်ပြင်ဆင်နေလေ၏

သို့သော် ဖန်းမိုအာသည် သူ့ကိုကြည့်တောင်မကြည့်လေပဲ သူမသည် သူ့ကို ကျော်ကာ ဓာတ်လှေကားဆီသို့ တည့်တည့်သွားခဲ့သည်။

Fang Moer က သူမဖုန်းကို အဝေးမှာ ထားလိုက်သည် ။ ဓာတ်လှေကားထဲသို့ဝင်၍မော့ကြည့်လိုက်ရာ မုချန်းသည် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် လက်ညှိုးကိုဆန့်ကာ ဓာတ်လှေကားပိတ်ရန် ခလုတ်ကို နှိပ်လိုက်သည်။

မုချန်း၏ ဒေါသများ တိုးလာသည်နှင့်အမျှ သူမ ဓာတ်လှေကားတံခါးကို ပိတ်လိုက်သည်။

အရင်က သူလုပ်ခဲ့တဲ့အတိုင်းပါပဲ။

မူချန်သည် လက်သီးဆုပ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ The Veiled Queen နဲ့တွေ့ဖို့က ဒီနေ့သူ၏ပန်းတိုင်ဖြစ်သည်ကိုတွေးလိုက်တဲ့အခါမှာတော့ ဖန်းမိုအာနှင့်ငြင်းခုံရန်စိတ်မရှိတော့ပေ။

သူသည် Pavillion One သို့အမြန်ဝင်လိုက်သည်။ ဖန်းမိုအာသည် VIP အခန်းထဲတွင်ရှိနေပြီး မှန်တံခါးမှတဆင့် အပြင်မှဧည့်သည်များကိုမြင်နေရသည်။

သို့သော် အပြင်မှဧည့်သည်များသည် သူမကိုမမြင်နိုင်ပေ။ ဖန်းမိုအာထိုင်နေတုန်းမှာပဲ သူမ၏ဖုန်းသည်တုန်ခါလာတော့သည်။ သူမသည် ဖြည်းညင်းစွာကြည့်လိုက်ရာ မူချန်၏Weibo အကောင့်မှမက်ဆေ့ချ်ဖြစ်နေသည်။ "ကျွန်တော်ဒီမှာရောက်နေပြီ ။ မင်းကိုစောင့်နေတယ်"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now