Chapter 49: အမျိုးသမီးဇာတ်လိုက်နေရာကိုအရယူခြင်း
ဖန်းအိမ်တော်ကိုရောက်ရှိလာကြသည်။
ရှီမိုသည် ဖန်းမိသားစုဝင်များမှ ဖန်းမိုအာကိုဝိုင်းပယ်ခံရမည်ကိုစိုးရိမ်နေ၏။
သို့သော် သူ့အတွက်အံ့ဩစရာမှာတော့ ဖန်းမိသားစုဝင်ပေါက်အပြင်ဘက်တွင် လူအနည်းငယ် ရပ်၍ကြိုနေခြင်းဖြစ်သည်။
အဖေဖန်းတစ်ယောက်သာမဟုတ်ဘဲ သူမရဲ့ သွေးတဝက်ညီမတောင်မှ ကားကိုစိတ်လှုပ်ရှားစွာပဲ ကြည့်လို့နေသည်။
ဖန်းမိုအာ ကားထဲမှဆင်းသည်နှင့် အဖေဖန်းသည်မျက်ရည်ကျလာတော့သည်။
"ငါ့ရဲ့ လိမ္မာတဲ့သမီးလေး၊ နောက်ဆုံးတော့ငါ့ကိုလာတွေ့ပြီပေါ့"
ရှီမိုသည် မိသားစုကြားမှ သဟဇာတဖြစ်မှုကိုမြင်လိုက်ရသည်။
တခြားနေရာမှ မူချန်သည် တရားမဝင်ကလေးဖြစ်သည်ကို ပိုင်ရုန်သိလိုက်တဲ့အခါတွင်တော့ သူမသည် ထီပေါက်သလိုခံစားလိုက်ရသည်။
မူမိသားစုဆီကပိုက်ဆံနည်းနည်းရနေသ၍ အနုပညာနယ်ပယ်မှာ အဆင်ပြေပြေလည်ပတ်နိုင်မှာဖြစ်သည်။
သို့သော် သူမ မူမိသားစုကိုရောက်သည်နှင့် အခြေအနေမှာလုံးဝကွဲပြားနေသည်ကိုတွေ့လိုက်ရသည်။
မူမိသားစုရဲ့ သခင်ငယ်နှစ်ယောက်သည် ကြီးကျယ်ပြီး မူချန်ကို နှိမ့်ချ၍အေးစက်စွာဆက်ဆံသည်။
သူတို့အပေါ်ကို ကောင်းကောင်းဆက်ဆံတဲ့ တစ်ဦးတည်းသောသူကတော့ မူလန်ပါပဲ။
မူချန်သာကိုယ်တိုင်လုပ်နိုင်စွမ်းမရှိပါက ငွေကြေးထောက်ပံ့မှာမဟုတ်ဘူးဆိုတာကိုပြောလေသည်။
မူချန်က အံကြိတ်ပြီး သည်းခံနေခဲ့သည်။
အဆုံးမှာတော့ မူမိသားစုဆီမှ တပြားမှမတောင်းခဲ့ပေ။
ပိုင်ရုန်ရဲ့ မျက်နှာသည် ချက်ချင်းပင် ခါးသက်လာတော့သည်။
ပိုင်ရုန်ကမူချန်ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။ "မူချန် မျက်နှာမပျက်ဖို့ကအရေးကြီးလား? ရှင်ကျွန်မအတွက်လုံးဝမတွေးဘူးမလား?"
YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...