Chapter 80

326 17 1
                                    

နေ့လည်ပိုင်းတွင် ပိုင်ရုန်သည် သူမရဲ့ဇာတ်ဝင်ခန်းဖြစ်တဲ့ ကျားနဲ့အခန်းကိုဆက်ပြီးရိုက်ကူးခဲ့သည်။

အဓိပ္ပာယ်ကတော့ ဖန်းမိုအာရဲ့ အခန်းကို အချိန်ရွှေ့ရတော့မည်ဖြစ်သည်။

ရှန်းယွဲ့သည် ဖန်းမိုအာကိုဖုန်းခေါ်ကာပြောလိုက်သည် "မစ္စဖန်း ကုမ္ပဏီတွေအများကြီးစုပြီးကျင်းပတဲ့ တိုက်ရိုက်ထုတ်လွှင့်မဲ့ပွဲတွေရှိတယ်။ သူတို့က မင်းကို တိုက်ရိုက်ဖျော်ဖြေဖို့အတွက် ဖိတ်ထားတယ်။"

ဖန်းမိုအာကပဟေဠိဖြစ်နေခဲ့သည်။ "ဘာတွေဖြစ်နေတာလဲ?"

"ကြည့်ရတာ လူတွေက Veiled Queen ရဲ့အရင်ရက်ကပွဲမှာဖျော်ဖြေတဲ့ပုံစံကြောင့် ကြိုက်သွားကြတာများလား။ သူတို့က မူမိသားစုပုံစံအတိုင်း တိုက်ရိုက်ဖျော်ဖြေဖို့ အဆိုတော်တွေကို ဖိတ်တာများလား။ သူတို့ရဲ့ ဂုဏ်သတင်းကိုလည်း မြင့်မားလာစေလိမ့်မည်။"

မူမိသားစုက ဒီအဆိုတော်ကို ဖိတ်ဖူးကတည်းက သူကိုတခြားသူတွေဖိတ်ရင် သူတို့မှာလည်း အမြင်ကောင်းရှိတယ်ဆိုတာကို ပြလိမ့်မည်ဖြစ်သည်။

ဒါကြောင့် လူမှုရေးသမားများက Veiled Queen ကို သူတို့ရဲ့ ပွဲအတွက် ဖိတ်ကြတာဖြစ်သည်။

ရှန်းယွဲ့သည် ငိုရမလို ရယ်ရမလိုဖြစ်နေသည်၊ "မင်းကလမ်းကြောင်းအမြင့်ပေါ်မှာလျှောက်နေရတာနော်။ မင်းကိုသာမန်ပွဲတွေကို သွားခွင့်မပြုတော့ဘူး၊ အဆင့်နှိမ့်ချတာတော့မဟုတ်ပါဘူး။ မင်းအခုရိုက်ကူးရေးမလုပ်နေဘူးဆိုရင် မင်းအတွက် ရသစုံတွေကိုစီစဉ်ပေးမယ်။"

ဖန်းမိုအာကနှုတ်ခမ်းဆူလိုက်ကာ "အမရှန်း၊ ညီမတို့ကိုဘယ်လောက်နဲ့ ကမ်းလှမ်းတာလဲဆိုတာ ညီမမေးလို့ရမလား?"

ရှန်းယွဲ့က "သူတို့ရဲ့ ကမ်းလှမ်းချက်က မူမိသားစုထက်မမြင့်ပါဘူး၊ ယွမ် သုံးသိန်း ၊ ငါးသိန်း ပြီး တော့ အများဆုံးက ယွမ် 1 မီလီယံ"

မူမိသားစုသည် 5 မီလီယံပေးခဲ့သည်။ ကုမ္ပဏီရှယ်ယာတဝက်ကိုနှုတ်ထားပြီးတာတောင် ဖန်းမိုအာသည် 2.5 မီလီယံရနေပြီဖြစ်သည်။

အခုတွင် ဖန်းမိုအာသည် ငွေမက်နေပြီး နည်းနည်းပျက်စီးနေသည် အဲ့တာကအရမ်းနိမ့်လွန်းတယ်။ "အမရှန်း ၊ ညီမနေ့လယ်ခင်းအားတယ်၊ သူတို့ကို ဈေးပြိုင်ခိုင်းပြီးတော့ အများဆုံးနေရာကိုသွားမယ်ဆိုရင်ကော ဘယ်လိုလဲ?"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now