ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

1.3K 99 1
                                    

Chapter 3 (အစ်ကိုကြီးက သူမ စားပြီးသား ထမင်းကျန်တွေကို စားလိုက်ခြင်း..)

မူလက စားချင်စိတ်မရှိသော လင်းထျန်းယွဲ့ သည် ယခု‌တော့ အလွန်စားချင်စိတ်ဖြစ်လာရသည်။ ကျန်းမာရေးကို အမြဲဂရုတစိုက်နှင့် အစားနည်းနည်းစားတတ်သည့် ရှန်းယွင်ကျင်း မှာလည်း လက်တပြင်ပြင်နှင့် စားဖို့ပြင်နေလေပြီ။ ဗိုက်သိပ်မဆာသည့် လင်းရွှမ် ကတောင် တတိယမြောက်ထမင်းပန်းကန်လုံးကို သူတောင် မသိလိုက်ဘဲ ထပ်ထည့်လိုက်သည်။ ထို့နောက် အဖေကြီးလင်းထျန်းယွဲ့ က အမ်ဘာအား ထမင်းကိုလေးကြိမ်မြောက် ထပ်ထည့်ခိုင်းလိုက်သောအခါ စက်ရုပ်အိမ်ထိန်းက ပြောလာ၏။

"ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်... ထမင်းမရှိတော့ပါဘူး...ထမင်းသုံးပန်းကန်စားပြီးပြီဆိုတော့ ထပ်မစားသင့်ပါဘူး... အလွန်အကျွံစားတာက ကျန်းမာရေးအတွက် မကောင်းပါဘူး"

ထမင်းတစ်ပန်းကန်ထည့်တော့မည့် ရှန်းယွင်ကျင်း က ခင်ပွန်းနှင့်သားကို စိုက်ကြည့်နေ၏။

"ရှင်တို့ နှစ်ယောက်က ဘယ်လောက်တောင် ဒီလောက်စားနိုင်မှာမလို့လဲ...ကျွန်မကို ချန်ထားမပေးချင်လည်း ရပါတယ်...ဒါပေမယ့် ယောင်ယောင်အတွက် ချန်ထားကြဦးလေ"

ထိုအခါ လင်းယောင်ယောင် သည် သူမ ပန်းကန်လုံးထဲမှာ ကျန်နေသည့် ထမင်းတစ်ဝက်ကို ပြလိုက်သည်။

"အမေ...သမီးက သိပ်လည်း မစားချင်ဖြစ်နေတာ...အခု ဗိုက်တောင်ပြည့်နေပြီ...ကျန်တဲ့ထမင်းတွေကိုတောင် မစားနိုင်တော့ဘူး"

မိန်းကလေးတိုင်း အလှအပကို နှစ်သက်ကြသည်။ ကြယ်တာရာခေတ်တွင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် ကိုယ်အလေးချိန်ကျစေရန်အတွက် ဆေးဝါးများစွာရှိသော်လည်း၊အစား‌အသောက်လျှော့စားရမှ နေသာသလိုရှိကြသည်။

ရှန်းယွင်ကျင်း သမီးဖြစ်သူကို ကူစားပေးချင်သော်လည်း သူမ ဗိုက်ပြည့်လုနီးပါးဖြစ်နေပြီဆိုတာ သိလိုက်ရသည်။ထိုအခါ လင်းထျန်းယွဲ့က သူမကို မျက်စိတစ်ဖက်မှိတ်ပြကာ ငါးဟင်းရည်တစ်ပန်းကန်ကို သူ့အနား ဆွဲယူထားလိုက်၏။ ချက်ချင်းပင် ငါးဟင်းက ပန်းကန်အောက်ခြေကိုသာ မြင်ရသည်အထိ အမြန်ကုန်သွားတော့သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now