ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

932 80 0
                                    

Chapter 11

နွေရာသီအားလပ်ရက်အတွင်း လင်းယောင်ယောင် ရသေ့တစ်ပါးကဲ့သို့ အိမ်တွင်းအောင်းနေခဲ့သည်။  သူမက ကြယ်ပွင့်ကွန်ရက်တွင် ဖြည့်စွက်အစားအစာများအကြောင်းကိုသာ နေ့တိုင်းစဉ်းစားနေသည်။

ယခုခေတ်က အင်အားကို လေးစားသောခေတ်ပင်။

လင်းယောင်ယောင်ဟာ အစ်မလေးလင် ရာထူးရလောက်အောင် ကံကောင်းနေသော်လည်း လင်းမိသားစုအပေါ် တစ်သက်လုံးအားကိုးနေရန်ဘယ်တုန်းကမှ မတွေးခဲ့မိသည့်အတွက် အလုပ်ကြိုးစားမှရပါမည်။သူမအဖိုးလင်းကျန်းဟိုင်နှင့်အတူ တစ်ပတ်လျှင်တစ်ကြိမ် စားသောက်ရန် ပြန်သွားခြင်းမှလွဲ၍ လင်းမိသားစု၏မိဘများသည်လည်း စားသောက်ရန် ပြန်လာလေ့ရှိကြပြီး အခြားမည်သူ့ကိုမျှ မတွေ့ရပေ။

လင်းယောင်ယောင် က ယန်ယိဖေး၏ ဖိတ်ကြားချက် သုံးလေးခုကို ငြင်းပယ်ပြီးနောက် ယန်ယ်ိဖေး ဟာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ရွှယ်လန်အားလပ်ရက်ကြယ်ပွင့်တွင် သူမနောက်ဆုံးရှိခဲ့သည့်အချိန်ကို တွေးမိရင်း ရှောင်ကျန်းက လင်းယောင်ယောင်ကို နှစ်သက်မိပြီး သူမအား ဝန်ခံရန် ကြံစည်ခဲ့သည်ကို အမှတ်တမဲ့ သိလိုက်ရသည်။

သူငယ်ချင်းဖြစ်သူ လင်းယောင်ယောင်အပေါ် ယန်ယိဖေး၏ ခံစားချက်များသည် အလွန်အနုစိတ်ပြီး ရှုပ်ထွေးလာသည်။  သူမ လင်းယောင်ယောင် နှင့် ဆက်သွယ်ရန် အစပြုခြင်းမရှိတော့ပေ။

ကြယ်ကွန်ရက်ပေါ်တွင်  လင်းယောင်ယောင် သူမ၏မူရင်းအကောင့်ဖြင့် မဝင်ရောက်ခဲ့ဘဲ စနစ်ပုံသေ မျက်နှာတစ်ခုနှင့်အတူ အသစ်တည်ဆောက်ထားသော ဒုတိယအဆင့် အကောင့်တစ်ခုနှင့် ၀င်ရောက်ထားသည်။သူမက သူစိမ်းများနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် နေ့တိုင်း အလွန်တိတ်ဆိတ်စွာနေခဲ့သည်။ရှောင်ချီနှင့် ရှောင်ကျန်းတို့ကဲ့သို့ ထူးဆန်းသော ဖောက်သည်များမှလွဲ၍ နောက်ဆက်တွဲ ဖောက်သည်များ၏ သုံးသပ်ချက် များသည် ပုံမှန်ဖြစ်သည်။  အသစ်အဆန်းနှင့် အရသာရှိသောကြောင့် စားသုံးသူအရေအတွက် တဖြည်းဖြည်း တိုးလာ‌ေလသည်။  ထောင်ရှီပလက်ဖောင်းသည် သူမအား အကြံပြုချက်များစွာပေးရန်အတွက် အစပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးOpowieści tętniące życiem. Odkryj je teraz