Chapter 102
Chapter 102September 30, 2023
(D အဆင့် ပြေးလွှားကောင် အစပ်ချက်ရှောင်မင် သည် ကျော်ကြားလိုပြီး သူ၏ကိုယ်ပိုင်စွမ်းအားကို တည်ဆောက်ချင်သည်။ဤပန်းတိုင်ကိုရောက်ရန် တစ်ယောက်ထဲ အဆင့်မြင့် ဇာခ့်အနည်းငယ်ကို သတ်ပစ်ရုံနှင့်မလုံလောက်ပေ။
သူ၏ မူလရည်ရွယ်ချက်မှာ ကင်းလှည့်တပ်များအလွန် အလုပ်ရှုပ်နေချိန်တွင် ပြည်သူများ၊ ကျောင်းသားများနှင့် အငြိမ်းစား တိုက်ခိုက်ရေးသမားများကို စုစည်းကာ နေအိမ်များကို ခုခံကာကွယ်ရန်သာ ဖြစ်သည်။
သူသည် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ချင်လျှင် SS-အတန်းအစား ဧရာမအခွံမာဇာခ့် ကို တစ်ယောက်တည်း ဟက်ကာ သေချာပေါက်သတ်ပစ်ရမည် ဖြစ်သည်။
သို့သော် အစီအစဉ်ကလုံးဝပျက်ကွက်သွားသည်။
အခွံမာကောင်ကြီးကို ဘယ်ကမှန်းမသိ ထွက်လာသော လင်းရွှမ်က လုယူသွားပြီး မည်သူ့ကိုမျှ ဦးဆောင်ရန် မလိုအပ်ဘဲ တိုက်ပွဲဝင်သူများက တက်ကြွစွာ တိုက်ပွဲဝင်နေကြပြီဖြစ်သောကြောင့် ရှောင်မင် လုံး၀စိတ်ပျက်သွားသည် ။
သို့သော် သူက စိတ်အေးအေးထားကာ သတ္တိနှင့် ခွန်အားကို အားကိုး၍ တိုက်ခိုက်သူအုပ်စုကို သူ့လက်အောက်တွင် ၀ိုင်းဖွဲ့ရန်ဆွဲဆောင်နေဆဲဖြစ်ပြီးS-အတန်းစား ဇာခ့်ပျံကောင်များစွာကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် သူ့အမိန့်ကို နာခံစေသည်။
ဤနည်းဖြင့် ရရှိသော ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာသည် သူမျှော်လင့်ထားသလောက် ဝေးကွာနေသော်လည်း ကောင်းမွန်သေးသည်…။
ထို့ပြင် ရှောင်မင်အတွက် လမ်းပွင့်နေပြီဖြစ်သောနေရာတွင် အဆင့်မြင့်ကားများနှင့် ဉာဏ်ရည်ထက်မြက်သော မက်ခါများက ဘာလို့ ရုတ်တရက်ပေါ်လာပြီး သူ့အား ပြိုလဲစေခဲ့တာလဲ....
ပျံသန်းလာသော ကားများ၏ စွမ်းဆောင်ရည်တွေက အလွန်ကောင်းပြီး လျင်မြန်ကာ S-အတန်းစား ဇာခ့်ပျံများကို မယှဥ်နိုင်သော်လည်း B-အဆင့် အသံမြည်ကောင် များထက် များစွာပိုမြန်သည်။

YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...