ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

1.2K 102 0
                                    

Chapter 13

(လင်းရွှမ် က သူ့ညီမကို ချော့ခြင်း)

လင်းယောင်ယောင် သည် ဟင်းပွဲများကို စိတ်စွမ်းအားဖြင့် မလုပ်ဆောင်နိုင်သေးသောကြောင့် ပါဝင်ပစ္စည်းများကိုသာ အာရုံစိုက်ပြုလုပ်ရသည်။မည်သို့ပင်ဆိုစေ၊သူမသည် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ထားသော ငရုတ်ကောင်းအနှစ်အနည်းငယ်သာ ထည့်ထားသော်လည်း  ဖြည့်စွက်အစားအစာအဖြစ် မှတ်ယူနိုင်သည်။

ဤဟင်း၁၀မျိုးပြီးသွား၍ အကောင်းဆုံးအရောင်နှင့်၊ အမွှေးအကြိုင်တွေ ပြီးပြည့်စုံချိန်မှာ သြဂုတ်လ 30 ရက်နေ့ ညနေပိုင်းဖြစ်နေလေပြီ။ ထို့နောက် ဤဟင်းကောင်း ဆယ်မျိုးကို အဘိုးကြီး ချိုက် အား သီးသန့်တင်ပြလိုက်သည်။

"မှတ်ချက်ကို အချိန်ပေးပြီး အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဒါက ရှင့်ကို ဂုဏ်ပြုတာပါ"

အရသာရှိသော ပွဲကို မြည်းစမ်းပြီးနောက် အဘိုးကြီး ချိုက်က သူမအား ရီဗျူးပြန်လာပြောနိုင်သလို ယခင်က တင်ထားသော ဟင်းပွဲများ မရှိတော့တာကြောင့် ဖောက်သည်များက စောဒကတက်လာနိုင်သည်။

သို့သော် ၊သူမ စိုးရိမ်နေသည်က ထိုအရာမဟုတ်ပေ။သူမတွင် D-အဆင့် ကိုယ်လုံးကိုယ်ပေါက်သာ ရှိသဖြင့် စစ်ရေးလေ့ကျင့်မှုတစ်လပြည့်အောင် ဘယ်လိုမျိုး အားတင်းပြီး ရှင်သန်နိုင်သည်ကိုသာ အာရုံစိုက်နေမိ၏။နည်းပြဆရာက သက်ညှာပေးဖို့ကိုသာ မျှော်လင့်ရပေတော့သည်။

သြဂုတ်လ 31 ရက်နေ့သည် လင်းယောင်ယောင် ပထမဆုံး ကျောင်းတက်ရမည့်နေ့ဖြစ်သည်။ ရှန်းယွင်ကျင်း သည် တမင်တကာ ပျက်ကွက်ခွင့်ယူကာ စစ်ဘက်ဆိုင်ရာကြယ်ပွင့်(Military Star)မှ ပြန်လာပြီး သူမအား ကျောင်းလိုက်ပို့ခဲ့၏။ စစ်ဘက် ဆိုင်ရာအရာရှိများစီးနင်းကြသည့် ကားပျံပေါ်တွင် သူမက သမီးဖြစ်သူ၏ ပန်းနုရောင်မျက်နှာလေးကို ဆွဲလိမ်လိုက်သည်။

"သမီး အစ်ကိုကြီး ကောလိပ်တက်တုန်းက တောင် အမေ လိုက်မပို့ခဲ့ဖူးဘူး…အမေက သမီးအပေါ် ဘယ်လောက်ချစ်လဲဆိုတာ သမီး သိတယ်မလား"

လင်းယောင်ယောင် သည် ကလေးဆန်သော မိခင်ကို သဘောကျသော်လည်း သူမ ထိုစကားကို လက်မခံနိုင်ခဲ့ပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးDonde viven las historias. Descúbrelo ahora