Chapter 82
Chapter 82September 23, 2023
(ယောင်ယောင်vsရှောင်မင်)ညနေပိုင်းတွင် လင်းယောင်ယောင် သည် ကျောင်းအပြင်ဘက်ရှိ သူမ၏ နေအိမ်သို့ ပြန်ရောက်သောအခါ လင်းရွှမ်လည်း ပြန်လာခဲ့သည်။ ပထမနှစ် ကျောင်းသားများသည် ကျောင်းနှင့် အချိန်အကြာကြီး ဝေးကွာနေ၍ မရသော်လည်း ဆွေမျိုးများ၏ ခွင့်ပြုချက်နှင့် ပတ်ဝန်းကျင်က လုံခြုံသရွေ့ ကျောင်းပြင်ပတွင် ရံဖန်ရံခါ နေထိုင်နိုင်သည်။ သို့သော် ရက်အနည်းငယ်သာ ကန့်သတ်ထားသည်။ ပိတ်ရက်များမှာမူ၊ အပြင်တွင် နေနိုင်ကြ၏။
သောကြာနေ့ဖြစ်သဖြင့် သူမ မနက်ဖြန် ကျောင်းတက်စရာမလိုသော်လည်း ပါဝင်ပစ္စည်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သော အဘိုးကြီးချိုက် နှင့် စီနီယာအစ်ကို ချိုက်မူပိုင်၊ စီနီယာ အစ်မ ရန်နင် တို့သည် အလွန်စိတ်ဝင်စားကြ၍ သုတေသနလုပ်ပြီး ကိုယ်တိုင်ချက်ပြုတ်ဖို့ ကျောင်းဖွင့်ရက်အထိ မစောင့်နိုင်ကြတော့ပေ။ အင်းဆက်အသားများကို ချက်ပြုတ်နည်းအကြောင်းမေးမြန်းရန် သူမကို ဆက်သွယ်ပြီး ကုထုံးအာနိသင်နှင့် အရသာကိုလည်း အတူတူ ထိန်းညှိနိုင်မည်ဖြစ်သည်။ထို့ကြောင့်၊သူမ မနက်ဖြန် ကျောင်းသွားရမှာပင်။
လင်းယောင်ယောင်သည် လင်းရွှမ် ပေးခဲ့သော အာကာသခလုတ်ကို စစ်ဆေးကြည့်လိုက်သည်။ အတွင်းတွင် ကျန်ရှိသည်က အင်းဆက် ဆယ့်သုံးကောင်ရှိသည်။ သူက ပေးထားသည့်ကတိအတိုင်း သူမကို တစ်ကယ်ပေးခဲ့ပြီး သုတေသနလုပ်ရန်အတွက် ကင်းလှည့်တပ်ကို တစ်ကောင်တည်း ထားခဲ့ခြင်းဖြစ်နိုင်၏။
လင်းရွှမ် သည် သူ့အတွက် ပြန်ယူလာသည့် ညစာကို မြိန်ရေရှက်ရေ စားလိုက်သည်။ မနေ့က၊သူမ ကြော်ကျွေးသော အင်းဆက်အသားအကြွပ်ကြော်က အရသာရှိသည်ဟု ထင်ခဲ့သော်ငြား ဒါဇင်ထက်မကသည့် အစာပလာများနှင့် ချက်ထားခြင်းက ပိုမိုကောင်းမွန်နေလေသည်။ ဟင်းပွဲတိုင်းတွင် ကိုယ်ပိုင်အရသာလည်း ရှိနေသဖြင့် သူမကိုတောင် ပြောခဲ့လေသည်။
"ကိုယ်တို့ ဇာ့ခ် တော်တော်များများကို အရင်တုန်းက သတ်ပြီး ဖျက်ဆီးပစ်လိုက်ကြတာ…အဲဒါ သက်သက် ဖြုန်းတီးတာပဲ"
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...