ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

719 67 0
                                    

Chapter 36
(ပထမဆုံးအနမ်း)

စကားပြောအပြီးတွင် လင်းယောင်ယောင် သည် ချိုက်ယူဟုန် အတွက် Star Network ၏သိုလှောင်မှုနေရာမှ နောက်ထပ်အစပ်ဟင်းလျာတစ်မျိုးကို ထုတ်လိုက်သည်။ ပါဝင်ပစ္စည်းများ၏ အနှစ်သာရပမာဏမှာ တူညီခြင်းမရှိသောကြောင့် ပစ္စည်းတစ်ခုစီအတွက် အပိုပစ္စည်းများကို သူမပြင်ဆင်ထားသော်လည်း အရသာမှာ ချိုက်ယူဟုန် အတွက်ပြင်ဆင်ထားသော ပထမဆုံးဟင်းပွဲနှင့် ဆင်တူမည်ဖြစ်သည်။ အရသာက အနည်းငယ်ကွဲပြားသော်လည်း အရသာမှာ ငြင်းရက်စရာမရှိပေ။ထိုအရသာက လူတွေကို မခံမရပ်နိုင်ဖြစ်စေသည့် မွေးနေ့ကိတ်လေးလိုပင်။

ချိုက်ယူဟုန် သည် သူ့ရှေ့တွင် ပေါ်လာသော virtual ဖြည့်စွက် အစားအသောက်များကို ကြည့်လိုက်သည်။ တရုတ်ရှေးဟောင်း အစားအစာများသည် သူ့လျှာနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။

ဒီပွဲက သူ့ကို တစ်လလုံးလုံး ညတိုင်း စဉ်းစားစေခဲ့တဲ့ အစပ်ပွဲမဟုတ်လား...

သူချင်ချင်း "accept" ခလုတ်ကို နှိပ်လိုက်ပြီး ဒေါသပါ မထွက်နိုင်တော့‌ေပ။

“သူများ အစားကိုစားရင် လက်ကတွန့်ဆုတ်တတ်ပေမယ့် လျှာက အတော်လေး အရသာခံတတ်တယ်”

ဟူသော ဆိုရိုးစကားအတိုင်း၊ သူသည် ထိုမိန်းကလေးအား စိတ်ဆိုးပြေချင်သွားရသည်။ သူမသည် သူလက်ခံလိုသော တတိယမြောက် အတွင်းလူယုံတပည့်ဖြစ်ပြီး နောက်ဆုံးတပည့်လည်း ဖြစ်နိုင်သည်။

"ငါ မင်းကို တပည့်အဖြစ် လက်ခံရင် ငါ မင်းကို ကိုယ်တိုင် သဘာဝကျကျ သင်ပေးမှာပါ....မင်း ဘယ်လိုထင်လဲ ကောင်မလေး...မင်းရဲ့ အနာဂတ်ဆရာသမားကိုတောင် မချေမငံပြောဝံ့ပါလား...ကလေးမစုတ်ရ... ကျောင်းသား ဖလား အသစ်" ကို မင်း အနိုင်ယူ ရမယ်...မင်းမလုပ်နိုင်ရင် မင်းကို မလက်ခံဘူး...မင်းပြောတဲ့ သာမာန်စားဖိုမှူးသင်တန်းကဘာလဲ... ငါဘာလို့မကြားဖူးတာလဲ"

"မဟုတ်ဘူး၊ ကျွန်မပြောတာက သာမာန်စားဖိုမှူးလေ့ကျင့်ရေးသင်တန်းအကြောင်း ပြောနေတာပါ"

လင်းယောင်ယောင် သည် ကိစ္စကြီးကြီးငယ်ငယ် သူ့ကို လိမ်ညာမပြောဝံ့ပေ။ သူနှင့်ဆက်သွယ်ကြည့်ပြီးနောက်ချိုက်ယူဟုန် သည် သူမ စိတ်ကူးထားသလို အလွန်လေးနက်သော အဘိုးကြီးမဟုတ်သော်လည်း အလွန်ကလေးဆန်သော ဦးလေးတစ်ယောက်ဖြစ်တာကြောင့် ပြောင်ရဲနောက်ရဲ ဖြစ်နေသည်။  ထိုအခါ၊ဆရာ-ကျောင်းသား ဆက်ဆံရေးက ပိုမိုရင်းနှီးလာမည်ဖြစ်သည်။ နောက်ပိုင်းမှာလည်း တစ်ခုခု စိတ်အနှောင့်အယှက်ဖြစ်လာလျှင် သူ့ကို ဟင်းများချက်ကျွေးလိုက်လျှင် အဆင်ပြေသွားနိုင်၏။ချိုက်ယူဟုန်သည် ဟင်းချက်သိပ်မကျွမ်းကျင်သော်လည်း ဖြည့်စွက်အစားအစာဌာနမှာ အလွန်အဆင့်မြင့်သူ ဖြစ်၏။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးKde žijí příběhy. Začni objevovat