Chapter 96
Chapter 96September 27, 2023
(ဇာ့ခ်တိုက်ခိုက်မှု၏အရင်းအမြစ်)ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲမှ အစားအသောက်ကုထုံးအဖွဲ့သည် "ရှေးတရုတ်စားစရာ" နှင့် "ဇာ့ခ် အသား" ဆိုသည့် ခေါင်းစဉ်နှစ်ခုကို ပွင့်ပွင့်လင်းလင်းကြေငြာခဲ့ပြီးနောက် မထင်မှတ်ဘဲ လူအများက အာရုံစိုက်လာခဲ့သည်။ထို့ကြောင့် လူကြိုက်များသော ဆေးဝါးနှင့် ဂီတကုထုံးအဖွဲ့များထက် လူအများ၏ အာရုံစိုက်မှုကို ပိုမိုဆွဲဆောင်ခဲ့သည်။
သို့ဖြစ်၍၊ဆေးဝါးနှင့် ဂီတကုထုံးများတွင် အဓိက တီထွင်ဆန်းသစ်မှုများ ပြုလုပ်ရန်မှာ ပို၍ခက်ခဲနေတော့သည်။ ယခင်က ထိုဌာနနှစ်ခုစလုံးမှာ ပရိသတ်များပြားမှုကြောင့်သာ အဓိကနာမည်ကြီးခဲ့ရခြင်း ဖြစ်သည်။
ယခင်က အစားအသောက်ကုထုံးဌာနသည် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းမစားခဲ့ပေ။ ပျက်စီးနေသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ရှိသူများကသာ မလွှဲသာမရှောင်သာ ဖြည့်စွက်အစားအစာများကို စားရပြီး တစ်ခြား ရွေးချယ်စရာလည်း မရှိပေ။ လူအများစုသည် ဖြည့်စွက်အစားအစာများကို အဆိုးဆုံးဟင်းလျာအဖြစ် ထင်မြင်နေကြသည်။
ဒါပေမယ့် ဒီတစ်ခါ ခေါင်းစဉ်က ဇာ့ခ်အသားရောပါတာလား…
ပြိုင်ပွဲ ပထမအကျော့တွင် အများစုသည် လင်းယောင်ယောင် ပြုလုပ်သော ရှေးဟောင်း တရုတ်စတိုင် ဟင်းပွဲငါးမျိုးကို မြည်းစမ်းခဲ့ရသည်။ တခြားသူများကလည်း တရုတ်ရှေးဟောင်းအစားအစာကောင်းများ ချက်ထားသော်လည်း သူမ၏ လက်ရာကသာ အတော်ကောင်းပြီး စွဲလန်းသွားစေလေသည်။စမတ်စက်ရုပ်များက ပြင်ဆင်ပေးသော အစားအစာများနှင့်နှိုင်းယှဥ်ပါက၊ ကြယ်တာရာခေတ် လူသားများအတွက် သူမ နည်းလမ်းက အတော်လန်းဆန်းစေပြီး အပြောင်းအလဲဖြစ်စေလေသည်။
အထူးသဖြင့် လင်းယောင်ယောင် ဆိုသည့် ကလေးမလေး ချက်လုပ်ထားသော ဟင်းပွဲလေးတွေများပင်။ သူမ လက်ရာများက ထပ်ခါထပ်ခါ စားချင်စိတ်တောင် ဖြစ်မိစေသည်။
ဖြည့်စွက် အစားအစာတွေက ဒီလိုမျိုးသာ အရသာရှိနေရင် ဘယ်သူက ဆေးဝါးတွေကို တစ်နေကုန်သောက်ပြီး ဘေးထွက်ဆိုးကျိုးမျိုးစုံကို ခံနိုင်ရည် ရှိမှာလဲ…
ESTÁS LEYENDO
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...