Chapter 79
Chapter 79September 21, 2023
(အစားအသောက်သမားများက ကမ္ဘာကြီးကိုပြောင်းလဲခြင်း )ဤခိုးဝင်အလစ်တိုက်ခိုက်မှုတွင် ဧရာမအင်းဆက်စုစုပေါင်း ဆယ့်ငါးကောင်ရှိပြီး အကုန်လုံး အသတ်ခံလိုက်ရ၏။ စစ်ကျောင်းဝင်းတွင် တိုက်ပွဲဝင်စစ်သည် အများအပြားရှိပြီး ခေတ်မီ ဆေးဘက်ဆိုင်ရာနည်းပညာများ ပါရှိသောကြောင့် လူအသေအပျောက်မရှိခဲ့ပေ။ သို့သော်လည်း လူအများအပြားသည် အသေးစားနှင့် ပြင်းထန်သော ဒဏ်ရာများ ကိုယ်စီကိုယ်ငှ ရရှိခဲ့ကြသည်။ လူနှစ်ယောက်သည် ဇာ့ခ် ၏ ဝိညာဉ်လှိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် သူတို့၏ ဝိညာဉ်နယ်မြေသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ လောလောဆယ်တွင် ဧကရာဇ်မြို့တော်၏ အခြားနေရာများ၌၊ အင်းဆက်တိုက်ခိုက်မှုများ မတွေ့ရှိရသော်လည်း မြို့တော်တစ်ခုလုံးသည် မာရှယ်လောကို အကောင်အထည်ဖော်လျက်ရှိသည်။
ယခင်က နှစ်ယောက်သားကြည်နူးပြီး ချိုမြိန်နေခဲ့ကြရာမှ လေးနက်သော မျက်နှာများဖြစ်လာပြီး လေးလံထိုင်းမှိုင်းလာကြ၏။
လင်းယောင်ယောင် က အရင်ဆုံး စပြောလိုက်သည်။
"ဒါဟာ ဇာ့ခ် ပထမဆုံးလှိုင်းပဲ ဖြစ်မယ်နော်..."
မူရင်းဝတ္ထုအရ၊ ဧရာမအင်းဆက်များ၏ ပထမလှိုင်းသည် ရန်သူအခြေအနေကို တစ်လခန့်စမ်းသပ်ရန် ရောက်လာပြီးနောက်ပိုင်းတွင် အင်တိုက်အားတိုက် ထိုးစစ်ဆင်လာကြမည်ဖြစ်သည်။ အဓိကအားဖြင့် ၎င်းတို့သည် အကရာဇ်မြို့တော်တစ်ဝိုက်ရှိ အရေးကြီးသော စီးပွားရေးဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာနှင့် လူနေအိမ်ဂြိုလ်များဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ ဤ ဇာ့ခ်များတွင် ဉာဏ်ပညာရှိသော ခေါင်းဆောင်တစ်ဦး ရုတ်တရက် ဖြစ်ပေါ်လာမည်ဖြစ်သည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ နယ်စပ်မှစ၍ တိုက်ခိုက်ခြင်းမပြုတော့ဘဲ အရှင်သခင် အင်ပါယာ၏ အသက်သွေးကြောကို သိမ်းပိုက်ရန် အင်ပါယာအတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာကြပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာပင်၊ အနီးနားရှိ အရှင်သခင် အင်ပါယာနှင့် ခင်မင်ရင်းနှီးသော Narai ဖက်ဒရေးရှင်းသည်လည်း ဉာဏ်ရည်မြင့်သော ဇာ့ခ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုသို့မဟုတ်ပါက၊ အရှင်သခင် အင်ပါယာသည် ပြည်တွင်းပြဿနာသာမက ပြည်ပပြဿနာများကိုပါ ရင်ဆိုင်ရလိမ့်မည်ဖြစ်၏။

BẠN ĐANG ĐỌC
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Lãng mạn💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...