Chapter 139
Chapter 139October 17, 2023
(ဇာ့ခ်ဘုရင်မကို ပိန်သွားအောင် လုပ်ခြင်း)လင်းရွှမ် သည် ဇာ့ခ်ဘုရင်မ ဆေးဟင်းချိုကို လင်းယွင် ၏ မောင်းနှင်ခန်းအတွင်းမှာ သောက်ကြည့်လိုက်ရာ မနေ့ညကထက်စာလျှင် အနည်းငယ် ပိုချိုသလို ခံစားမိသည်။ထို့နောက် သူ တိတ်တိတ်နေပြီး အာရုံစိုက်နေလိုက်သည်။ ဇာ့ခ်ဘုရင်မ ဆေးဖက်ဝင် ဟင်းချိုတစ်ပန်းကန်လုံး သောက်ပြီးနောက် စိတ်ရှုပ်ထွေးမှုမဖြစ်အောင် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ အသင့်ပြင်နေမိ၏။ သို့သော်လည်း၊မည်သို့ပင်ဖြစ်စေ ကောင်းမွန်သည့် စိတ်စွမ်းအားအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ ဤဟင်းရည်ကို သောက်ရေပမည်။
မနေ့ညက သူသည် ဟင်းရည်သောက်ပြီးနောက် တစ်ခုခုကို အသေအချာ ခံစားလိုက်ရသည်။ ဟင်းချိုပန်းကန်က တစ်ဝက်သာရှိသော်လည်း နှစ်နာရီကြာသည်အထိ သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ကိုယ်ကာယ ကြံ့ခိုင်အားမှာ 20% တိုးလာခဲ့သည်။ အနည်းငယ်စိတ်ရှုပ်ထွေးမှုများ ရှိသည်မှလွဲ၍ အခြားဘေးထွက်ဆိုးကျိုးများ မရှိချေ။ မထင်မှတ်စွာပင် ယနေ့ဟင်းချိုက မနေ့ညကနှင့် အနည်းငယ် ကွဲပြားသွားသည်။ ယခု သောက်ပြီးသည့်တိုင် ဘာခံစားချက်မှ မရှိနေပေ။ဖြစ်နိုင်သည်က ပြောင်းလဲမှုအချို့ကို ယောင်ယောင် ထပ်မံပြုလုပ်ခဲ့ပုံရသည်။
လင်းရွှမ် စိတ်ထဲမှာ ပြုံးချင်ချင်ဖြစ်သွားရသည်။ မနေ့ညက ဟင်းချိုသောက်ပြီးနောက် နတ်သမီးလေးတစ်ပါးက သူ့ကို စိတ်ပါလက်ပါ စွဲလန်းသွားပြီး ရင်ခွင်ထဲမှတောင် မထွက်တော့ပေ။ သို့သော် ယနေ့ကျ၊ သူမသည် အလွန်အေးစက်နေပြီး သူ့ကို အကြိမ်ကြိမ် ရှောင်ဖယ်နေခဲ့သည်။ ကလေးမလေးသည် ရှက်ရွံ့နေခြင်း ဖြစ်နိုင်၏။
သို့သော်လည်း၊ မနေ့က သူ့ရင်ထဲမှ မနာလိုစိတ်အကြွင်းအကျန်က ယခုထိ ရှိနေသေးသည်။
"သူမက ဇာ့ခ်ဘုရင်မ 168 ၊ 012 တို့နဲ့ကျတော့ အရမ်းကို ပျော်ပျော်ရွှင်ရွှင် ပြောနေပေမယ့် သူ့ကိုကျ ဘာလို့ ပစ်ထားတာလဲ… "
သူတို့နှစ်ယောက်သာ ဤနေရာမှာ နှစ်ဦးတည်း ရှိနေလျှင် သူ့သိက္ခာကို ဘေးချပြီး သူမအနားမှာ တွယ်ကပ်နေရပေလိမ့်မည်။

KAMU SEDANG MEMBACA
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romansa💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...