ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး

819 78 0
                                    

Chapter 60
Chapter 60September 14, 2023
(လင်းရွှမ်၏စိတ်ရောဂါ)



မူလက စုချင်းဟယ်ကို ကျောင်းသားသစ်များကြားတွင် အထူးချွန်ဆုံးတပည့်အဖြစ် လက်ခံခဲ့ပြီး အရေးပါကျောင်းသူတစ်ဦးဖြစ်သည်။  ယခုတွင် သူက လင်းယောင်ယောင်၏ အရန်ကုထုံး အစားအစာ/ဆေးဝါးများ စားသုံးပြီးနောက်ထပ် တပည့်တစ်ဦး လိုချင်လာသည်။အဘိုးကြီးချိုက်အားလဲ သူမ ဆရာအဖြစ် ဆက်လက်ဆည်းပူးနိုင်ပြီး သူ့အကြံကို သူမ လက်ခံနိုင်လောက်သည်။

အကယ်၍ အဘိုးကြီးကျန်းက လင်းယောင်ယောင် မဟုတ်ပဲ အခြားသူများကို တပည့်အဖြစ်လက်ခံလိုက်လျှင် စုချင်းဟယ် မကျေမနပ်ဖြစ်ကာ စိတ်အဖုအထစ်ဖြစ်လာနိုင်သည်။ဘယ်သူကမှ မိမိအားကြိုးမာန်တက်ရှာဖွေထားသော သုသေသနအား လုယူသွားမည်ကို ကြိုက်မည်မဟုတ်...

အစက စုချင်းဟယ်မှာ  လင်းယောင်ယောင်အပေါ် အာရုံစူးစိုက်ခံလိုမှု ၊ချီးကျူးခံရမှု နှင့် သင်ယူခြင်းနယ်ပယ်တွင် ပြိုင်ဘက်တစ်ယောက်အဖြစ်သာ မှတ်ယူထားသည်။ယခုတွင်မူ ဟင်းပွဲကြောင့် အစားအထောက်ကုထုံးအပေါ် အနည်းငယ်စိတ်၀င်စားနေပြီး လင်းယောင်ယောင်၏ အသဲစွဲပရိသတ်တစ်ဦးဖြစ်လာသည်။သူမ၏ မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့်တောက်ပနေပြီး လင်းယောင်ယောင် သာ သဘောတူလျှင် ရှေ့လျှောက် သူမနှင့်အတူသင်ယူလေ့လာပြီး ရင်းနှီးလာနိုင်ခွင့်ရှိမည်။

"ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း"မှာ မစ္စတာကျန်းအားဒူးထောက်စေပြီး အဖေ ခေါ်ရလောက်သည်အထိအရသာမကောင်းသော်လည်း လင်းယောင်ယောင်ကို လိုလိုလားလား တပည့်အဖြစ် ဦးညွှတ်အသိအမှတ်ပြုစေသည်။ဤအဖြစ်မျိုးတစ်ခါမျှမကြုံဖူးပေ။

အဘိုးကြီးချိုက်က ပြုံး၍ ကြိမ်းမောင်းလိုက်သည်။

"ဒီအဘိုးကြီးကျန်းကတော့ ငါ့ရှေ့မှာတောင်  ငါတို့ယောင်ယောင်လေးကို လုသွားချင်နေတာပဲ တကယ်တမ်း ယောင်ယောင်လေး ဆေးပညာတတ်ချင်ရင် ငါလည်း သင်ပေးလို့ရတယ်ကွ"

သူ့စကားများမှာ ပြင်းပြင်းထန်ထန်ကန့်ကွက်နေသော သဘောမရှိချေ။သူက ဆေးဝါးကုထုံးတွင် မာစတာအဆင့်သာ ရှိသေးပြီး သူ၏ နားလည်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းသည် မဟာအဆင့် အဘိုးကြီးကျန်းလောက် အရည်အချင်းကောင်းများမရှိပေ။အဘိုးကြီးကျန်းကသာ လင်းယောင်ယောင်အား သင်ပေးလိုစိတ်ရှိလျှင် သူမအတွက် ဆေးပညာနှင့် အစားအသောက်ကုထုံးလမ်းကြောင်းအပေါ် ပိုမိုအထောက်အကူဖြစ်စေလိမ့်မည်။သို့သော်လဲ တစ်ကိုယ်ကောင်းဆန်စွာဖြင့် သူ့တပည့် လင်းယောင်ယောင်အပေါ် မစ္စတာကျန်း ယခင်ကအထင်သေးဆက်ဆံခဲ့ပုံကြောင့်သိပ်တော့ဘဘောမတွေ့လှပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးحيث تعيش القصص. اكتشف الآن